Download

Showing posts with label Gtalk|Gmail. Show all posts
Showing posts with label Gtalk|Gmail. Show all posts

Sunday, June 10, 2012

Gtalk တွင် ZawGyi Fonts လေးထောင့်တုံးပေါ်သည့်ပြသနာဖြေရှင်းနည်း

မိမိရဲ့စက်မှာ zawgyi fonts Program သွင်းထားသော်လည်း စာရိုက်နေစဉ်မြန်မာလိုရိုက်လို့ရပီး Enter ခေါက်လိုက်မှ လေးထောင့်တုံးပြောင်းသွားသည့် အဖြစ်အပျက်များကိုတွေ့မြင်ကြားသိနေရပါသည်။ထိုအဖြစ်
အပျက်များသည် အထူးသဖြင့် Internet Explorer 9 တင်ထားသော စက်များတွင်အများဆုံးဖြစ်နေပါသည်။
ထို့အပြင် Windows7 တွင်လည်းဖြစ်တတ်ပါသည်။ ၄င်း ပြသနာကို အောက်ပါအတိုင်းဖြေရှင်းကြည့်ပါမည်။
(၁) မိမိရဲ့စက်မှာ ZawGyi Fonts Program တင်ထားရဲ့လား..? မတင်ထားရသေးရင် ဆိုဒ်ရဲ့ညာဘက်အခြမ်းမှာ
Download ချပီးထည့်သွင်းလိုက်ပါ။ Restart ချခိုင်းရင်ချပေးလိုက်ပါ..စက်ပြန်တက်လာတာနဲ့ အောက်က နံပတ်
(၂) အတိုင်းလုပ်ဆောင်ပါ။
(၂) Gtalk ရဲ့ထိပ်ဆုံးမယ် Setting ဆိုတာကို နှိပ်ပါ။ Change Fonts ကိုနှိပ်ပါ။ Fonts အကွက်ရဲ့အောက်ဆုံးမှာ
Zawgyi-One ကိုရွေးပေးလိုက်ပါ။ ဒါမှအဆင်မပြေသေးဘူးဆိုရင်….
(၃) Internet Explorer ကိုဖွင့်လိုက်ပါ..ပီးတာနဲ့  Tools >> Internet Options >> Fonts >>ZawGyi-One
>> OK >> Apply >> OK အဆင့်ဆင့်ပေးပြီးပြန်ထွက်လိုက်ပါ။ ပီးတာနဲ့ Gtalk မှာပြန်ကြည့်လိုက်ပါ။
လေးထောင့်တုံးတွေမပေါ်တော့ဘဲ မြန်မာလို အမှန်တွေပြန်ပေါ်နေပါလိမ့်မယ်ခင်ဗျာ။ အဆင်ပြေကြပါစေ။
 
ref; http://www.minsoeyarsar.com/2012/05/gtalk-zawgyi-fonts.html

Tuesday, May 22, 2012

Gtalk မှာ ကွန်နက်ရှင်ကောင်းပြီးအကောင့်ဖွင့်မရရင်

စာလည်းမရေးတာကြာပါပြီ။ သတင်းဆိုဒ်မှာ သတင်းထောက်လုပ်နေလို့ပါ။ ဒါကြောင့် မရေးဖြစ်ပါဘူး။ ခုတော့ရေးဦးမှအပျင်းပြေပေါ့ဗျာ။
ဒါကိုကြည့်ပါ။ တကယ်လည်းဖြစ်ဖူးပါတယ်။အရင်တုန်းကဆိုရင်စက်ပျက်တာကိုမသိပါဘူး။ နာရီအဖြစ်သုံးတဲ့ batteries ကုန်သွားလို့ ၂၀၀၀ခုနှစ်ရောက်သွားတာပါ။ ၂၀၀၅ဆိုရင်မရဖူး။ အဲ့ဒါကြောင့် ခုနှစ်ကိုပြောင်းလိုက်ပါ။ Time Settings မှာသွားပြင်ပါ။ အဲ့ဒါမျိုးဖြစ်ရင် gmail ပါဝင်လို့မရတော့ပါဘူး။ တစ်ချို့အဲ့လိုဖြစ်ပြီး proxy ပဲကျော်ကျော်၊ ip ပဲကျော်ကျော်မရပါဘူး။ ကွန်နက်ရှင်ကောင်းပြီးတော့ အကောင့်မှန်လည်းမရဘူးလို့ပြောချင်ပါတယ်။ ကျွန်တော်ဖြစ်ဖူးလို့အားလုံးကိုတင်ပြတာပါ။

အဆင်ပြေပါစေ။

သရဲလေး
[05/22/2012]

Sunday, May 6, 2012

Gtalk တွင် idle ထည့်မယ်

ကျွန်တော်လည်းပိုစ့်မရေးတာကြာပါပြီ။ တစ်ခုလောက်တော့ရေးကြည့်တာပေါ့။

idle ကလူအသိများပါတယ်။ သူများတွေက တောင်းဆိုနေလို့ ပေးလိုက်တာပါ။ ဖိုင်ကပေါ့ပေါ့ပါးပါးပါ။ ဒါပေမယ့် Google က exe ဖိုင်တန်းဒေါင်းပြီး အတုတွေပေးတာတွေ ကျွန်တော်တွေ့ပါတယ်။ virus ပါတဲ့ဟာတွေလည်းပေးနေတတ်လို့ ကျွန်တော်အရင်ကတည်းက ရှိတဲ့ဟာကို ပြန်လည်ဝေမျှလိုက်ပါတယ်။ www.galwaysidle.com မှာ အရင်ကူးလို့ရပါတယ်။ ၂၀၀၉အထိပေါ့။ မြန်မာအိုင်ပီနဲ့မရလို့ခက်ခဲနေကြပါတယ်။ အရင် ဗားရှင်းတွေဆိုရင် gtalk ကို restart ချလေ့ရှိပါတယ်။ ခုတော့မဟုတ်ဘူး။ ရနေပါပြီ။

အောက်ပါအတိုင်း Download ကို click ပါ။ install လုပ်ပါ။ idle ကို gtalk မှာရပါလိမ့်မယ်။


အဆင်ပြေပါစေ။

သရဲလေး
(05/07/2012)

Friday, March 30, 2012

Gmail အကောင့်အသစ်လုပ်ချင်သူများအတွက်

သူများတွေမေးနေတာခဏခဏပဲဗျာ။ အကောင့်လုပ်နည်းပေါ့။ ခုတော့နားငြီးဒဏ်မခံနိုင်လို့သာ ရေးဖြစ်လိုက်တာပါ။ လုပ်နည်းကတော့ မခက်ဘူး။ အဲ့မှာ functions နှစ်မျိုးပါတယ်။ Youtube အကောင့်လုပ်တာရယ်၊ Gtalk အကောင့်လုပ်တာရယ်ပေါ့။ လွယ်တယ်မလား။ ဒါပေမယ့်ဘာရယ်မှတော့မဟုတ်ပါဘူးဗျာ။







Download Now ကို click လိုက်နော်။ သရဲလေးကမအားလို့ပိုစ့်မရေးနိုင်ဘူးလေ။ ဒါနဲ့မနက်ဖြန်သားသားခရီးထွက်ဦးမယ်နော်။ တာ့တာ။

သရဲလေး
<03/30/2012>

Sunday, February 26, 2012

ကိုယ်ချက်တာကိုchat history မှာရှာရင်မမြင်အောင်လုပ်နည်း

 မေးတဲ့လူများလို့....၀ှက်ထားတာလေး..သိသလိုဖြေပါမယ်ဗျာ။ chat history ဖျက်နည်းနောက်မှပေါ့ဗျာ။ ခုဟာက ကိုယ်ချက်တာတွေကို မေးလ်ထဲပြန်စစ်ရင်မတွေ့အောင်လုပ်နည်းပေါ့ဗျာ...

oomarkhaing789: ဂျီတော့ချက်နေရင်းကနေလေ ခုအန်တီချက်နေတာတွေကို သားဆီမှာမကျန်အောင် ဖျက်လို့ရလား ပြောပြနော်သား
dewaltharlay2011: အစ်ကိုဂျီမေလ်းဖက်ေနည်းလေးသိချင်လို့
ဂျီတော့မှာချက်ထားတာကိုသူဆီမှာမကျန်အောင်ဖျက်တဲ့နည်းလေး

 Go off the record ကို click..

ဒီလိုပေါ်လာမယ်။
 ဒါပေမယ့်ပြန်မှတ်ချင်ရင်တော့ Cancel ကို click လိုက်ပါ။

ဒါပါဘဲ။။။။မပူဆာနဲ့တော့နော်..ဟိဟိ

သရဲလေး
<02/26/2012>

Saturday, February 18, 2012

gtalk မှာ notification နဲ့ချက်လိုက်ရင်အသံမထွက်အောင်ပိတ်မယ်

သားလည်း ဘလော့မရေးတာကြာပြီ။ ခုထိစာမေးပွဲမပြီးသေးပေမယ့်၊ စာကို အချိန်မီပြီးလို့ ခုလိုအားတာနဲ့ရေးကြည့်တာပါ။ တိုတိုလေးပဲရေးချင်ပါတယ်။ အသံတွေ၊ notification ရှိတာ မျက်စိတွေ၊နားတွေရှုပ်တယ်။ ဟုတ်တယ်ဟုတ်(သရဲလေးကိုဖြေနေတာ)။ notification ရှိတာနဲ့အင်တာနက်ဆိုင်က လူတွေချောင်းကြည့်ရင် သင့်သူငယ်ချင်းအကောင့်တွေသိကုန်မှာပေါ့ဗျာ။ အိမ်မှာသီချင်းနားထောင်းရင် ချက်နေတာ ဟိုက တလုံးလောက်ချက်ရင် တုန်းတုန်းကနဲထွက်တယ်။ တော်တော်နားပူလှတာပေါ့ဗျာ။ လုပ်နည်းကရိုးရိုးရှင်းရှင်းပဲလေ။

ဒီလိုကြည့်လိုက်။ တခုခုချင်းလိုက်ပေါ်နေတာ မျက်စိတစ်အားနောက်တယ်မလား။ သားသားတော့ဒီလိုထင်တာပဲလေ။




အဲဒီအောက်ပါအတိုင်းပြောပြမယ်။ တစ်အချက်က Settings ကိုသွားနော်။ ကိုzware ရေ။ စိတ်မဆိုးနဲ့နော်။ ပုံလေးယူသွားတာကိုတော့...

 Notifications ကိုသွားပါ။ အဲ့မှာ အကုန်လုံးနဂိုကတည်းခြစ်ထားတာကိုတွေ့ရလိမ့်မယ်။


ပြီးရင် Disable all functions ကိုခြစ်ပါ။ ပြီးရင် OK ကို click ပါ။ နောက်တနည်းကတော့
ဒါကနောက်တနည်း ကိုယ်တိုင်အကုန်ဖြုတပြီး၊ ထုံးစံအတိုင်း OK လေး click ပေါ့ဗျာ။


ပြီးရင် အဲ့လိုမျိုးပေါ်မှာမဟုတ်တော့ပါ။ သားသားစာမေးပွဲပြီးရင် နည်းပညာဆက်တင်ဦးမယ်နော်။ ခု သတင်းနဲ့အစားထိုးနေလို့လေ။

သရဲလေး
<02/19/2012>

Monday, January 30, 2012

Gtalk ရဲ့တပည့်ကထွက်လာတဲ့ပါးစပ်ဟောင်းသားများ

Gtalk ရဲ့တပည့်ကထွက်လာတဲ့ပါးစပ်ဟောင်းသားများ လို့ပေးတာက...အလိမ်အညာယုံတဲ့လူရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့က စကိုင်တဲ့လူတွေ...တချို့က အယုံလွယ်တဲ့လူတွေပေါ့။


ယနေ့ ည မြန်မာနိုင်ငံ အချိန် 2:30 တွင် Gtalk အကောင့်များမှာ Password ပြောင်းသွားမှာဖြစ်ပါတယ် ဘယ်အတွက်ကြောင့်ပြောင်းရှိလည်းဆိုရင် Password များမှာ ဂဏန်းများပါရှိသော အကောင့် များမှာ Password ပြောင်းသွားမှာဖြစ်ပါသဖြင့် ကိုယ်အကောင့်များမှာ 1ကနေ 9 ထိ ဂဏန်းများပါရှိပါက အမြန်ဆုံး Password များကိုပြောင်းပါလို့  သတင်းရရှိပါတယ် 

အဲ့သတင်းက ကောလဟာသဖြစ်ပါတယ်ခင်ဗျား။ ပုံကိုချဲ့ပေါ့ဗျာ။



တစ်အချက်က သူငယ်ချင်းတို့ရဲ့မေးလ်ထဲမှာ Google  ဆိုပြီးအဲ့စာရောက်လာတယ်ဟုတ်တယ်ဟုတ်... အဲ့စာက official ပါ။ တကယ်ပဲ လုပ်လို့ရရင် နည်းပညာက ပူပြီးအလွန်ဆုံးရောက်နေလို့လား။ လမ်းမဆုံးသေးပါဘူးဗျာ။ ခုနောက်ပုံမှာရေးထားသလိုပဲ..ကာကွယ်မှုတွေ...security..password အသုံးအနှုန်းတွေဘယ်တော့မှပြောင်းမှာမဟုတ်လို့ပါ။ ပြောင်းမှာက ကြီးပေမယ့်..အဲဒီအသေးအမွှားက အဖုထစ်ဖြစ်အောင်မပြောင်းပါဘူး။ မတ်လပါ။ခုက ၃၀.၁.၂၀၁၂ တဲ့...မယုံပါနဲ့။


အနီနဲ့ဝိုင်းထားပါတယ်။ ပုံကိုဖွင့်ပြီးချဲ့ပါ။ျြမင်ချင်ရင်...

၁။ အဲ့စာက ပထမဦးဆုံးလူက မြန်မာလိုကောလာဟသပြန်လိုက်တာဖြစ်ပါတယ်
၂။ password ပြောင်းရင်ကိုယ်ပဲနစ်နာလိမ့်မယ်။ မေ့သွားရင်ကိုယ့်ပြသနာပေါ့။
၃။ hack သလိုလည်းဖြစ်သွားနိုင်ပါတယ်။.....
၎။ official စာမဟုတ်ပါ။ ဟုတ်ရင် မေးလ်ထဲအထိပို့မှာပါ။
၅။ fake message ဆိုပေမယ့်လည်း..ပိပိရိရိလိမ်ထားပေးရမှာပေါ့။ ၂နာရီခွဲကတိကျလွန်းနေပါတယ်။ တခါက အဲ့လို fake message မျိုးတွေ့ဖူးပါတယ်။ 1 ကနေ 9 .. 0 ကော ပါလား။
၆။ google ကအကယ်လို့ဟတ်ထိရင် ဒီလိုဖြစ်မှာပေါ့....
၇။ လူတိုင်းမှာမွေးကတည်းကဥာဏ်ပါပါတယ်။ စဉ်းစားကြည့်ပါ။ google ကအင်တာနက်ရဲ့ အဓိက main ဖြစ်နေပါပြီ။
၈။ ပြောင်းရမှာက မလွယ်ကူလှပါ။ ပြောင်းမယ်ဆိုရင် ၂နာရီခွဲအတွင်း အကောင့် ၂သန်းလောက်ရှိတာ...ဘယ်လိုပြောင်းမလဲ..တွေးကြည့်ပါ။
၉။ ဂဏန်းများပါရှိတဲ့ကောင့်ဆို၇င် 0 ပါရဦးမယ်လေ။

ယုံမယုံတာကသင့်သဘောအတိုင်းဖြစ်ပါသည်။

ဒီ fake စာမျိုးပေးတဲ့သူကသနားပါတယ်ဗျာ။ လိမ်ချင်လည်းပိပိရိရိလိမ်ပါ။ အဲ့စာတွေ့ရင် အဲ့လူကိုပြန်ပြောလိုက်ပါ။ "သနားပါတယ်။ သူငယ်ချင်း။ သေသေချာချာမုသားသုံးပါ" လို့သတိပြန်ပေးလိုက်ပါ။ ဖတ်ပေးသူများကျေးဇူးတင်ပါသည်။


သရဲလေး
<01/30/2012)

Saturday, January 21, 2012

ဝဘ်ဆိုဒ်ချက်တွေကို gtalk လိုအချက်ပေါ်အောင်ဘယ်လိုဖော်မလဲ(firefox)


ကျွန်တော်က firefox ကိုအသုံးများပါတယ်။ gTalk Sidebar ကိုယူထားလိုက်တော့ကောင်းသား။ ကွန်ကျရင်အတော်ပဲ။ tab တွေများများဖွင့်တော့လိုက်မကြည့်နိုင်ဘူး။ firefox 3.6 နဲ့အထက်မှရတာဗျ။ အဲ့ထက်အောက်နေရင် ပေးပြီးဒေါင်းလုတ်မပေးဘူးဗျ။ https://addons.mozilla.org/en-us/firefox/addon/gtalk-sidebar/ ကိုသွားပါ။ ပထမအဆင့် Download Now ကို click ပါ။
ကွန်နက်ရှင်တွေအားရပါးရကျနေတဲ့..ချစ်သူငယ်ချင်းကြီးတွေအတွက်မပြောတတ်ပါဘူးနော်။ ခိခိ။ ပြီးရင် ဒါလေးရုတ်တရက်တက်လာမယ်။ မပိတ်နဲ့။ Install now ကို click ပါ။ မသိတဲ့လူတွေက ပိတ်ချင်တတ်ကြတယ်။


 ဒါလေးကခဏလေးပဲ ၁မိနစ်တောင်မကြာဘူး။ စောင့်လိုက်ဦးနော်။

ပြီးရင် firefox ကို restart ချလိုက်ပါ။ Restart Firefox ကို click...

ပြန်တက်လာတာနဲ့ http://talkgadget.google.com/talkgadget/client ကို သွားပါ။


right click ပြီးရင် Properties ကိုသွား။

 ပြီးရင် Load this bookmark in the siderbar ကို tick လိုက်။ပြီးတာနဲ့ Save ကို click ပါ။
 ပြီးတာနဲ့ ဒီလိုလေးလာရင်အဆင်ပြေပါပြီ။ ဘယ် tab ပဲသွားသွား။ သူ့ကိုပြန်သွားဖို့အလုပ်မပိုတော့ပါဘူး။အဆင်ပြေပါစေ။
 google chrome နဲ့နောက်မှတင်ဆက်မယ်နော်။ အားတာနဲ့တင်ဦးမယ်ဗျာ။ အိပ်ချင်နေပြီ။ခိခိ။

သရဲလေး
(1/21/2012)

Monday, January 16, 2012

Gtalk မှာ error မတ်ဆေ့တက်လာရင်


ဒါကတစ်ခါတစ်လေအဖြစ်အနည်းဆုံး error ပါ။ စက်တိုင်းမှာ ဖြစ်တတ်ပါတယ်။ အရမ်းလည်းမဖြစ်တတ်ပါဘူးခင်ဗျာ။ ချက်ရင်းနဲ့ ဖြစ်တတ်ပါတယ်။ ချက်လို့မရတော့ဘဲ restart သဘောပါ။ အဲဒါက ဘာမှမဖြစ်ပါ။ Yes ကို click ပေးလိုက်ပါ။ ဒါဆိုရင် gtalk restart ကျပြီး  အသစ်တဖန်ပြန်တက်လာပါလိမ့်မယ်။ ဘာမှမဖြစ်ပါ။ စက်မပျက်ပါ။ gtalk မပျက်ပါ။ စိတ်မပူပါနဲ့။ ဒါပေမယ့်ပြန် sign in လုပ်ပါရလိမ့်မယ်။ ကွန်ကျရင်မပြောတတ်ပါ။တခါဖြစ်ပြီးရင်နောက်တခါမဖြစ်တော့ပါ။

သရဲလေး
<1/16/2012>

Saturday, January 7, 2012

Email တွေကိုလှလှပပညွန်ပြရအောင်

email ညွန်ပြရင် ဒီဇိုင်းပါ။  photoshop တွေမလိုဘူး။ လွယ်လွယ်ကူကူနဲ့။ ကိုယ့်ရဲ့ username ကိုရိုက်ထည့်ပြီးလုပ်လို့ရတယ်။ ညာနေတာမဟုတ်ပါ။ blumail ဆိုရင် http://services.nexodyne.com/email/index_custom.php မှာလုပ်ပါ။ gmail, hotmail, msn, yahoo, rocketmail နှင့် etc.. ပေါ့ဗျာ။ ဒီဇိုင်းအစုံစုံရှိပါတယ်။ အရမ်းလည်းလန်းတယ်။ ခုတောင်ကျွန်တော့်အီးမေးလ်အတွက်တောင်လုပ်ထားသေးတယ်။ ခိခိ။ http://services.nexodyne.com/email/index.php မှာသွားလုပ်ပါ။ ဆက်လမ်းညွန်ပေါ့ဗျာ။ နောက်လည်းဆက်ရေးပါဦးမည်။
098Tr0j4n@GMail.com 
Sample1@RocketMail.com 
koko98@Hotmail.com 
Haha@Netscape.net
Not for chat and invite!!
သရဲလေး
<1/7/2012>

Monday, December 26, 2011

Gtalk ထဲတွင် Themes ဖြင့်ချက်နည်း

ကဲကဲ..ကျွှန်တော်လည်း Theme ကိုအရမ်းကလိတာ..ဘယ်လောက်စိတ်ဝင်စားလည်းတော့မမေးနဲ့..အခုတောင် website ပြောင်းလိုက်ပြီ... http://www.tayelay.co.cc မှာပါ။ http://zware.devhub.com ကိုလည်းသုံးသေးပါတယ်။ ဟဲဟဲ..လေမရှည်တော့ဘူးနော်..
၁) Settings ကိုသွားပါ။

၂) Appearance ကိုတန်းသွားပါ။

၃) အစကတော့ Classic Picture လို့ပြထားပါလိမ့်မယ်။ ယခုသင်တို့သုံးချင်တဲ့Notebook Theme ကိုသာရွေးပြီး OK ကို click လိုက်တော့...အောင်မြင်ပါပြီ။ တခြား Theme လည်းထည့်လို့ရပါတယ်။

ကျွှန်တော်ဆက် gtalk themes ဆက် design လုပ်ပါမည်။မျှော်။
http://www.tayelay.co.cc မှာ Gtalk Themes ရှာနော်။

Sunday, December 25, 2011

မိမိ Block ထားသောသူအား သူ့ Gtalk တွင် မမြင်ရအောင် Delete ပေးနည်း

Gtalk ကနေ မိမိနှင့် အဆင်မပြေသူကို မိမိဘက်က Block သို့ Remove
လုပ်လိုက်ရင် မိမဘက်ကသာ သူ့ကိုမမြင်ရတော့ပေမယ့် မိမိ Block သို့ Remove
လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့အတွက် သူ့ဘက် Chat
လို့ရပါသေးတယ်။ ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ
ရှိနေဦးမှာပါ.။ အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင်
သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်းပြုလုပ်လို့ရပါတယ်။

ပထမဦးဆုံး Gmail ကို ဖွင့်ပါး။ ပြီးရင် Contacts ကို ရှာပြီး Click

နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော
Account ကို ရွေးပြီး အမှန်ခြစ်ကာ Delete contact ကို click နှိပ်လိုက်ပါ။
တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ ဒါဆို
မိမိမဆက်သွယ်လိုသူကို အပြီးအပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။ သူ့ရဲ့
လည်း မိမိအမည် မရှိတော့သလို သူ့ Gtalk မှာလည်း ကိုယ့်အမည်
ကျန်ရှိတော့မည် မဟုတ်တော့ပါ။

အားလုံးအဆင်ပြေနိုင်ကြပါစေ။

Ref: http://www.mmitpalace.com/profiles/blogs/block-gtalk-delete

Saturday, December 24, 2011

Notebook (Gtalk Theme-1)




Theme နံမည်က Notebook ပါ။ ပြောင်းနည်းက နောက်မှပြောပြလိုက်တော့မယ်။ အသုံးပြုနည်းတွေကအစ.... ဖိုင်ကသေးသေးလေးပါ.. 237KB ဖြစ်ပါတယ်။ ဒီ theme ကိုစရေးခါစမို့လို့...ပြသနာအနည်းငယ်ရှိပါမယ်ဗျာ...နောက်ဆိုရင်ပိုကောင်းအောင်ကြိုးစားမည်ဖြစ်ပါတယ်။ download ကို click ပါ။
comments မှာထည့်နည်း..သုံးနည်းရေးပေးလိုက်ပါမယ်။

ပျော်ရွှင်ပါစေ။

သရဲလေး
(24/12/2011)

Gtalk Theme အသစ်များကိုဘယ်လိုစက်ထဲထည့်မလဲ?

အခုတင်ပြရမယ့်အပိုင်းကတော့ Gtalk မှာ Theme အသစ်တွေထည့်မှာပါ။ Install လုပ်စရာမလိုဘဲ၊ Folder ကို Move လုပ်ရုံပါဘဲ။ ဒါနဲ့တစ်ခုမေ့တော့မလို့... Winzip ကိုစက်ထဲထည့်ထားပါ။ ကျွှန်တော်က Gtalk Theme အသစ်တွေလုပ်ပြီးဒီမှာတင်မှာဖြစ်ပါတယ်။ ဘာမှသွားပြင်နေစရာမလိုပါဘူး။

 ဒါက Windows XP အတွက်ပါ။
C:/Documents and Settings/သင့်စက်ကနာမည်ထည့်ပါ။/Local Settings/Application Data/Google/Google Talk/themes/user/chat/

Windows 7 ကဒီလိုပါ။ အစကတော့ ကြောင်သွားတယ်။

C:\Users\သင့်စက်နာမည်ထည့်ပါ\Local Settings\Application Data\Google\Google Talk\themes\user\chat\

ဒါပေမယ့် Chat  folder လုပ်ဖို့လိုအပ်ပါလိမ့်မယ်။

သင့်စက်နာမည်ထည့်ပါ ဆိုတဲ့နေရာမှာပဲထည့်နော်။ တခြားနေရာမပြင်ပါနဲ့။




Winzip ကို http://www.winzip.com/win/en/index.htm မှာသွားယူပါ
သရဲလေး
(24/12/2011)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More