ကဲ။ လုပ်နည်းကတော့ ရိုးရိုးရှင်းရှင်းပါပဲလေ။ bat နဲ့ save လုပ်နည်းကို ဒီမှာ တင်ထားပါတယ်။ [How to save and create the bat file?]
ကျွန်တော်လည်းပိုစ့်မရေးတာကြာပါပြီ။ မအားလို့နဲ့ကွန်နက်ရှင်ကျနေတာနဲ့ပဲလေ။ ခုတော့ bat file အပျင်းပြေပေါ့။ အသုံးမ၀င်ပေမယ့် အခြေခံအချို့လေးတွေကိုပြပါ့မယ်။ ခုပြောမှာက Notepad ကို bat file လေးနဲ့ဘယ်လိုဖွင့်မလဲဆိုတာပေါ့။
ကဲဗျာ။အဲ့ကုဒ်ကိုကူး .bat ဖိုင်extension နဲ့save လုပ်ပါ။ ပြီးတော့ notepad.bat နဲ့ Save လုပ်ပါ။ notepad.bat နဲ့ save မလုပ်ချင်လည်း တခြားဖိုင်နဲ့လုပ်လို့ရပါတယ်။ ဒါပေမယ့် .bat တော့မကျန်ခဲ့ပါနဲ့....ကျန်ခဲ့ရင်အလုပ်မလုပ်တော့လို့ပါ။
ခုဒါကတော့ WindowsXP/Vista/7 အတွက်ပါ။ ကျွန်တော့်စက်က Windows XP ပါ။ ထိုစက်ကိုင်သူများကတော့အောက်ပါအတိုင်းကူးစေချင်လိုပါတယ်။
Windows 95/95/ME တို့သုံးတဲ့ User တွေက အောက်ပါအတိုင်းကူးပါ။

%SystemRoot%\System32\NOTEPAD.EXE%1
Windows 95/95/ME တို့သုံးတဲ့ User တွေက အောက်ပါအတိုင်းကူးပါ။
%SystemRoot%\System\NOTEPAD.EXE%1
ပြီးရင်ဖွင့်ချလိုက်ပါ။ Click နှစ်ချက်လုပ်ပေးပါ။ ဒါဆိုရင်ပြီးပါပြီ။ ဒါက ကစားခန်းလေးပေါ့။ ကျွန်တော်ကလိလိုက်ရင်း သူငယ်ချင်းတို့အတွက်တင်ပေးစရာအပျင်းပြေဖြစ်သွားပါတယ်။ :D
Virus မရှိပါ။ ကျွန်တော်ပေးသော bat file ကိုဖွင့်ပြီးလျှင် Notepad ကျလာမည်ဖြစ်ပြီး ထိုဖိုင်မှာ Command Prompt နဲ့ တက်လာပြီး ပိတ်သွားမှာဖြစ်ပါတယ်။ ပြီးမှ Notepad တက်လာပါလိမ့်မယ်။
အဲ့ကုဒ်ကိုမရေးတတ်လျှင်
ကျွန်တော်ပေးတဲ့ဖိုင်ကို Download ယူလိုက်ပါ။
အဆင်ပြေပါစေ။ ကျွန်တော်အားရင် ကလိထားတာတွေပြောပြဦးမယ်။ အကိုတို့၊အစ်မတို့ရေ။
သရဲလေး
[08/13/2012]
0 မှတ်ချက်များ:
Post a Comment