Download

Thursday, March 22, 2012

၇ လကြာမှ တစ်ကြိမ်အိပ်ပြီး တစ်ကြိမ်အိပ်လျင် ၂ လ ကြာတတ်သည့် ဗြိတိန်မိန်းကလေး


ဗြိတိန်မှ မိန်းကလေး တစ်ဦးသည် ထူးခြားသော အိပ်စက်မှု အလေ့အထမျိုးကို ပိုင်ဆိုင်နေသူ  ဖြစ်သည်။ သူမသည် တစ်ကြိမ်အိပ်တိုင်း (၂) လကြာပြီး (၇) လလျှင် တစ်ကြိမ် အိပ်လေ့ရှိကြောင်း သိရသည်။ ကလိန်းလီဗင် အမည်ရှိ ရောဂါတစ်မျိုး ခံစားနေရသည့် လီလီကလာ့ခ်သည် အိပ်စက်ချိန် မူမမှန်မှု အခြေအနေတစ်ရပ်နှင့် ကာလရှည်ကြာ ရင်ဆိုင်နေရသည်။ သူမသည် စာမေးပွဲကာလများ၊ ခရစ္စမတ်နှင့် နှစ်သစ်ကူး ကာလများတွင် အိပ်စက်ရင်း အချိန်ကုန်ခဲ့ဖူးကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။ လီလီ၏ မိခင်ဖြစ်သူ အဒီလီက အိပ်နေခြင်းကြောင့် လီလီ၏ ဘဝတွင် အပြောင်းအလဲများစွာ ဖြစ်ခဲ့ရကြောင်းလည်း ထုတ်ဖော် ပြောဆိုသွားသည်။ (၂၀၀၇) ခုနှစ်က မိသားစုများ အတူတကွ စကိတ်စီးထွက်ရင်း စားသောက်ဆိုင်တစ်ခုသို့ အသွားတွင် လီလီ၏ ကာလကြာရှည် အိပ်စက်မှု စတင်ခဲ့သည်။ မိသားစုများသည် အစာမစားမီ အိပ်ပျော်သွားသော လီလီကို ပွေ့ချီကာ အိမ်ပြန်ခေါ်ခဲ့ရသည်။ လီလီအတွက် စိတ်မကောင်းစရာ ကိစ္စမှာ ဆရာဝန်များအနေနှင့် အဆိုပါ ပြဿနာကို မည်သို့မည်ပုံ အဖြေရှာ ကုစားရမည်ကို မသိရှိနိုင်ခြင်းပင် ဖြစ်သည်။ ထိုသို့သော သက်ရောက်မှုမျိုးသည် လီလီကဲ့သို့ လူငယ်ပိုင်းတွင် အဖြစ်များမည်ဟု ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ယူဆထားသည်။ ဆာရေးတွင် နေထိုင်သော လီလီသည် ယခုအခါ ကာလရှည်ကြာ အိပ်စက်မှုနှင့် အသားကျ အံဝင်နေပြီဟုလည်း သိရှိရသည်။

ref; http://planet.com.mm

0 မှတ်ချက်များ:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More