Download

Saturday, April 14, 2012

တစ်သိန်းဈေးခေါ်၊ ၀ယ်သူမျှော်နေတဲ့ အိုဘားမားရဲ့ကား


အိုဘားမားရဲ့ ကျန်းမာရေးစီမံကိန်း ကို ဈေးကြီးတယ်လို့ ပြောတဲ့သူတွေ အိုဘားမားရဲ့ ဒေါ်လာတစ်သိန်းတန်ကားကိုရော ဘယ်လိုမှတ်ချက်မျိုး ပေးမှာပါလိမ့်။

သမ္မတအိုဘားမားစီးခဲ့တဲ့ ၂၀၀၅ ခုနှစ်ထုတ် ခရိုက်စလာ 300Cကားဟာ မိုင်ပေါင်း ၁၉,၀၀၀ နီးပါးခရီးသွားခဲ့ပြီးပါပြီ။ သမ္မတအိုဘားမားက အဲဒီကားကို ပိုပြီး ဆီစားသက်သာတဲ့ ၂၀၀၇ မော်ဒယ်လ် FodEscape ဟိုက်ဘရစ်နဲ့ အလဲအထပ်လုပ်ခဲ့တာပါ။

အဲဒီ ဒေါ်လာတစ်သိန်းဈေးခေါ်ထားတဲ့ ခရိုက်စလာရဲ့ လက်ရှိကားပိုင်ရှင်ဖြစ်တဲ့ အီလီနွိုက်ပြည်နယ်သားတင်(မ်)အိုဘွိုင်လေဆိုသူက eBay ၀က်ဘ်ဆိုက်မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။

အိုဘားမားစီးခဲ့တဲ့ ခရိုက်စလာကားရဲ့ လက်ရှိပေါက်ဈေးဟာ အမေရိကန်ဒေါ်လာ ၁၄,၃၄၆ ကနေ ၁၉,၁၄၂ အတွင်းမှာပဲ ရှိတယ်လို့ ဆိုပါတယ်။

"လေလံတင်လို့ ရောင်ရငွေကို လှူပစ်မယ်လို့ ရည်စူးထားရင်တတ်နိုင်တဲ့လူတွေက လေလံဝင်ဆွဲကောင်း ဆွဲပါလိမ့်မယ်" လို့ သမိုင်းဝင်အသုံးအဆောင်ပစ္စည်းများဆိုင်ရာ ကျွမ်းကျင်သူ ဘရိုင်ယန်ချိန်းစ်ကပြောပါတယ်။

ဒါပေမယ့် ကမ္ဘာ့ထိပ်သီးနိုင်ငံခေါင်းဆောင်တွေရဲ့ အသုံးအဆောင်ပစ္စည်းတွေဟာတန်ကြေးထက် ဈေးပိုရတတ်ပါတယ်။ တကယ်လို့ အဲဒီကားမှာသမိုင်းဝင်ဖြစ်ရပ် တစ်ခုခုဖြစ်ပွားခဲ့တယ်ဆိုရင်ပေါ့။ အီရန် သမ္မတအာမက်ဒီနီဂျတ်ရဲ့ ၁၉၇၇ ခုနှစ်ထုတ် ပူဂျိုကားဟာ ဒေါ်လာ ၂ဒသမ ၅သန်း ဈေးရခဲ့ဖူးပါတယ်။

ဆန်း

0 မှတ်ချက်များ:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More