Download

Sunday, April 15, 2012

သင်္ကြန်အတွင်း ကျွန်တော်မြင်ရသောအဖြစ်ဆိုးများ



ကျွန်တော်တွေ့ရှိတာကတော့ အရက်မူးပြီး လူကိုလိုက်ရန်ဖြစ်တာရယ်၊ ဆဲဆိုတာတွေကသိပ်များနေတယ်။ တချို့ကတော့ဆဲတယ်။ သိကြားမင်းကြားရင်မကောင်းဘူးလေလည်းပြောနေသေးတယ်။ မဟုတ်တာဗျာ။ အရက်သောက်တာ လည်းမကောင်းဘူး။ သိကြားမင်းအမုန်းဆုံးအလုပ်ပဲဗျ။ သင်္ကြန်အကျနေ့ကလည်း ရေပက်ခံကားကလူတစ်ယောက်မူးမူးနဲ့ ကျွန်တော့်ဘေးနားက ရေလာပက်တဲ့မိန်းကလေးကို လောင်းချလိုက်တယ်။ အစက ကျွန်တော်ကတော့မသိလို့မေးနေတာ။ အရက်သောက်လာတာလားလို့ပေါ့ဗျာ။ နောက်တော့ အပေါ်ကပက်လို့ သူ့တစ်ကိုယ်နံစော်နေရတာပါ။ ကျွန်တော်က သူ့ကိုရေနဲ့လောင်းဖို့အကြံပေးတယ်။ သူ့ကိုသူပြန်လောင်းပြီး အနံ့ကပေါ့သွားပါတယ်။ တချို့ကဆိုးတာက အပက်မခံတာနဲ့ ဆဲတော့တာပဲ။။။ ဆဲတာမျိုးတွေကို video ရိုက်ထားချင်ပေမယ့် မသင့်တော်ဘူးလို့ ကျွန်တော်ကထင်ပါတယ်။ တချို့ကလည်း ကားပေါ်မှာတင် ဖက်နမ်းတာ ကြူတာ။ အဲ့ထက်ဆိုးပါသေးတယ်ဗျာ။ သင်္ကြန်အကြတ်ပထမနေ့က ကျွန်တော်တို့တာမွေလမ်းမှာ မိန်းကလေးရဲ့အသက်ကိုခန့်မှန်းကြည့်ရင် ၂၀ကျော်ကျော်နုနုပျိုပျိုပဲရှိဦးမယ်လို့ထင်ပါတယ်ဗျ။ အဲ့ယောက်ျားလေးကလည်း အီမိုစတိုင်လ်လိုလို ရပ်ပါလိုလိုနဲ့ ပေါ့ဗျာ။ ကောင်မလေးဝတ်ထားပုံစံကလည်း အပေါ်ပိုင်းက အကျီင်္မရှိတဲ့အတိုင်းပဲဗျာ။ ပေါ်နေတာ...သိသိသာသာကြီး။ ၀တ်ထားတဲ့ skirt ကလည်း ထင်ထားတာထက်အရမ်းတိုလွန်းနေပါတယ်ဗျာ။ ကောင်လေးက သွားပြီး ဖက်လိုက်၊ ဟိုကိုင်ဒီကိုင်နဲ့ (ရှင်းပြလိုက်ရင်တော့ မကောင်းတော့ဘူးထင်တယ်)။။။။ အဲ့လိုမျိုးမြင်ရတာ မြန်မာလူမျိုးတွေပါပဲ။ ကျက်သရေမဲ့၊ ဂုဏ်တွေလည်းမရှိတာမှတကယ့်အမှန်ပါ။။

ကျွန်တော့်အဲ့ထက်ဆိုးတာတွေ့တယ်။ မဏ္ဍပ်ကိုကားတိုက်တာ ကျွန်တော့်ရဲ့ ၁* နှစ်ဘ၀သက်တမ်းမှာလုံးဝမမြင်ဖူးပါဘူး။ နောက်ပိုင်းကျတော့ ရေပက်ခံထွက်တဲ့လူတွေက ဆဲတတ်လာတယ်ဗျာ။ နာအောင်ပြောတာထက်ဆာရင် သူများကိုဆဲပါတယ် ။ဒါမျိုးတွေကိုတော့တရားဆွဲသင့်ပါတယ်ဗျာ။ သူများကြားရတာနားဝင်ဆိုးလို့ပါ။ တချို့ကားတွေဆိုရင် သာသနာ့အလံထောင်ထားတာကို ပက်တဲ့လူတွေလည်းရှိနေတာ။ လွန်လွန်းနေပါပြီဗျာ။ သင်္ကြန်အကျနေ့ကဆိုရင် ညနေပိုင်းရေပက်ခံသွားတော့ ကားကကြတ်တယ်လေ။ အနောက်ကကားက သည်းမခံတော့လာတိုက်ပြီး ကျွန်တော်တို့ရေပက်ခံထွက်တဲ့ကားကိုဆဲပါလိမ့်ရော။ ကျွန်တော်တို့ အနောက်ဆုတ်ပြီးတိုက်တာတွေကော၊ ပြန်လျောရမှာတွေကော။ အမှန်တကယ် ကျွန်တော်တို့က တောင်းဆိုသင့်တာပါ။ ကျွန်တော်စိတ်ဆိုးပြီး ပြန်ပြောလိုက်ပါတယ်။ "ဆဲတာတော့မကောင်းပါဘူး။ ခင်ဗျားတို့တိုက်ပြီး ကျုပ်တို့ကိုလာလျော်ခိုင်းရင် ကျုပ်မလုပ်ပေးနိုင်ဘူး"လို့ခပ်ရင့်ရင့်ပြောလိုက်ပါတယ်။ အဲ့ဒါကို သူတို့တွေက စာလာဖတ်ပြီး ဈေးစစ်နေတာ အရှေ့က မှန်ကဘာဖြစ်တာလဲ။ ဒါကို ဦးလေးက အဲ့ဒါနဂိုကတည်းကဖြစ်နေတာလို့ပြောလိုက်တယ်။ ပြီးတော့လည်း ကျွန်တော်တို့ ကားကိုကွေ့မယ်ဆိုတော့ အနောက်ကမောင်းလာတဲ့ကားက "ခင်ဗျားကြီးကားကိုဘာလုပ်မှာလဲ"တဲ့အင်မတန်မှကြားရရင်ကလေးကအစနာလွန်းလှပါတယ်ဗျာ။ "အင်း။ ကွေ့မှာပေါ့ဗျာ"လို့ပြောလိုက်ပါတယ်။ ဒီနေ့လည်း အွန်လိုင်းကလူတစ်ယောက်က ကျွန်တော့်ကိုပေါက်ကရလေးဆယ်တွေပြောတယ်။ အပုတ်ချတယ် ။ မဟုတ်တရုတ်တွေပြောတယ်။ ကျွန်တော်က အဲ့ချိန်ကမအားတော့ ပြန်ပြောတာနည်းနည်းအပေါက်ဆိုးသွားလို့ ကျွန်တော်က တောင်းပန်လိုက်ရပါတယ်။ အဲ့ဒီထက်ပြောလိုက်ပါတယ်။ မကျေနပ်ရင် ဘလော့လို့ရပါတယ်လို့ဗျာ။

ထုံးစံတစ်ခုဆိုးတာက ကိုယ်ဝန်ဆောင်တဲ့မိခင်ကိုရေနဲ့ပက်တာပေါ့။ ဒါက ပိုဆိုးပါတယ်။ ကလေးပါအသက်ရှောသွားနိုင်တယ်ဆိုတာကိုကျွန်တော်ကသတိပေးခြင်းပါဗျာ။ အဲ့ဒီထက်ဆိုးတာက ခွက်ဆောင်းခုပ်တာ သူတို့တွေကိုခုတ်ရင်မကြိုက်ဘူး။။။ သူများကိုသွားခုတ်တယ် ။ ခုတ်တာ သူများအသားအရေကိုပျက်စီးနိုင်ပါတယ်။ ရေပက်ခံထွက်ရင်တောင် မီးသတ်ပိုက်ထိုးရင် towel နဲ့အုပ်ထားတဲ့လူကိုတောင် အဲ့လိုမျိုး အဲ့ထဲထည့်ပြီးထိုးတာ အလွန်မိုက်ရိုင်းလွန်းပါတယ်ဗျာ။ ဆိုးတာက ရေမွှေးကို များများဆွတ်တာလေ။ ကျွန်တော်တောင်ခေါင်းကိုက်တယ်။ pressure ပိုက်နဲ့ watergun ကိုသုံးပြီး မျက်စိကိုထိုးတာမုန်းလို့မျက်မှန်တက်ထားရပါတယ်ဗျာ။ နားထိပါထိုးလို့ မိုးကာဝတ်ထားတာ။ တချို့က ကတုံးလို့ပြောလို့ ပြန်ပြောလိုက်တယ်ဗျာ။ "မင်းတို့လည်း ငါတို့မွေးရာပါကတုံးပဲ။ မင်းတို့နားမလည်ဘူးလား" လို့ပြောတယ်။သူတို့ဆဲ၇င် "မင်းတို့မိဘတွေလည်းအဲ့လိုဆဲဖူးလား"လို့ပြောရင်ပြောတယ်။ သို့မဟုတ်နောက်တနည်းက "မိမဲ့ဖမဲ့ဆုံးမတဲ့သားသမီးများ အဲ့လိုမျိုးပါးစပ်ပုတ်လိုက်စပါ့" ဆိုပြီးပြောလိုက်ပါတယ်ဗျာ။ ဟုဒေါသဖြစ်ရင်းရေးသားမိပါသှ်။ သင်တို့ကိုမဆိုလိုပါ။ ဒါမျိုးရှောင်ကြဉ်ရန်သာဖြစ်သည်။ ဝေဖန်ခြင်းသည်းခံပါ။ ဒီစာကိုလည်း မည်သူမဆို ဝေမျှနိုင်ပါသည်။ credit ထည့်သည်ဖြစ်စေ...မထည့်သည်ဖြစ်စေ...ကြိုက်သလိုဝေမျှနိုင်ပါသည်။

သရဲလေး
<04/15/2012>

0 မှတ်ချက်များ:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More