Download

Sunday, April 15, 2012

Kim Dotcom, The Hacker Bengal


Dotcom Kim was born with the name of Kim Schmitz on January 21, 1974. It is also known by the nickname Tim Kimble and Jim Kim investors. As a teenager, Kim earned a reputation over in Germany because of cracking the company PBX systems in the United States (U.S.), and use it as a bet for a career in data security. It was Kim who were aged 19 years referred to himself as Kimble. He was stationed in Germany, and became the leader of a group of hackers called Dope. He is also the most famous hackers in the country, appearing on German TV in disguise, and appeared in the German Capital magazine December issue. Every day approximately 12 hours, the younger Kim sitting in front of his computer terminal to penetrate the system's PBX in the U.S.. He uses a special program buataanya itself that is claimed to access the six-day code. itself is a corporate PBX phone system. The hackers break into systems to steal the company's access number, which can be sold to other hackers, also sold to the criminals who use the number for the transaction of business. "For me, every PBX is an open door," boasted the younger Kim as she claims to have carried off the 500 PBX code, which cost $ 200 per number for Kim. A large amount of inventory, given the numbers that can be sold to more than one customer. Naas, hacking is then arrested him and pocketed the allegations have been using and selling credit card numbers and phone theft results. Kim is controversial, as well as others. He had a job that is more 'normal', for instance, sometimes he works to maintain security systems for banks in Germany. Kimble also make a phone with encryption, which is claimed will not be intercepted. Only in one month alone, the phone was made ​​by Kim sold 100 units. In 1994, he was set up DataProtect fat-bodied, a computer security company. However, four years later, he was sentenced to two years probation on charges of diving and with receiving stolen property fraud. Five years after founding it, DataProtect with IVM Engineering produces Megacar. Not a regular car, which was introduced by the company Megacar Kim was made ​​by Mercedes-Benz S-Class W220 are calibrated by Brabus. In the Megacar, Kim pinned server Windows NT, SGI flat-screen 17.3-inch wide, and combines 16 GSM module to provide Internet access via mobile broadband. In 2000, Kim sells 80 percent stake to the TUV Rheinland DataProtect. Then in 2001, he had bought a stake of nearly perusahaann bangrkrut (LetsBuyIt.com) USD375.000 prices. He then announced it would invest 50 million Euro for the company. Few people know that he did not really have the money. However, his statement caused the shares soared nearly 300 percent, which was later sold to benefit Kim USD1, 5 million. The case, he was arrested, and again received a suspended sentence of two years. Business Megaupload which recently led him into a flamboyant accusations of copyright infringement, Kim built on March 21, 2005. File sharing sites and online storage is headquartered in Hong Kong, and became the 13th most popular site on the internet. In connection with the case, the police ambushed residence Dotcom Mansion stands on the ground with a land area of 24 hectares, where Kim along with 70 employees trying to control ' black business'. In the raid, police seized at least 18 units of luxury cars with a total value reached $ 4, 9 million, among the confiscated cars consist of a Rolls-Royce Phantom Drophead coupe and classic cars 1959 pink Cadillac. Kim really likes to buy up luxury cars and even a crazy action made ​​by the car accelerate to 320 km / h on public roads, and then upload it on YouTube. Plat car that had also enough attention, like a Rolls-Royce Phantom read: 'GOD', Mercedes-Benz inscribed 'HACKER' and other cars that also have the label 'MAFIA'.  (tyo)

ref; http://crusader-12.blogspot.com/2012/04/kim-dotcom-si-hacker-bengal.html (Indonesian language)

သင်္ကြန်အတွင်း ကျွန်တော်မြင်ရသောအဖြစ်ဆိုးများ



ကျွန်တော်တွေ့ရှိတာကတော့ အရက်မူးပြီး လူကိုလိုက်ရန်ဖြစ်တာရယ်၊ ဆဲဆိုတာတွေကသိပ်များနေတယ်။ တချို့ကတော့ဆဲတယ်။ သိကြားမင်းကြားရင်မကောင်းဘူးလေလည်းပြောနေသေးတယ်။ မဟုတ်တာဗျာ။ အရက်သောက်တာ လည်းမကောင်းဘူး။ သိကြားမင်းအမုန်းဆုံးအလုပ်ပဲဗျ။ သင်္ကြန်အကျနေ့ကလည်း ရေပက်ခံကားကလူတစ်ယောက်မူးမူးနဲ့ ကျွန်တော့်ဘေးနားက ရေလာပက်တဲ့မိန်းကလေးကို လောင်းချလိုက်တယ်။ အစက ကျွန်တော်ကတော့မသိလို့မေးနေတာ။ အရက်သောက်လာတာလားလို့ပေါ့ဗျာ။ နောက်တော့ အပေါ်ကပက်လို့ သူ့တစ်ကိုယ်နံစော်နေရတာပါ။ ကျွန်တော်က သူ့ကိုရေနဲ့လောင်းဖို့အကြံပေးတယ်။ သူ့ကိုသူပြန်လောင်းပြီး အနံ့ကပေါ့သွားပါတယ်။ တချို့ကဆိုးတာက အပက်မခံတာနဲ့ ဆဲတော့တာပဲ။။။ ဆဲတာမျိုးတွေကို video ရိုက်ထားချင်ပေမယ့် မသင့်တော်ဘူးလို့ ကျွန်တော်ကထင်ပါတယ်။ တချို့ကလည်း ကားပေါ်မှာတင် ဖက်နမ်းတာ ကြူတာ။ အဲ့ထက်ဆိုးပါသေးတယ်ဗျာ။ သင်္ကြန်အကြတ်ပထမနေ့က ကျွန်တော်တို့တာမွေလမ်းမှာ မိန်းကလေးရဲ့အသက်ကိုခန့်မှန်းကြည့်ရင် ၂၀ကျော်ကျော်နုနုပျိုပျိုပဲရှိဦးမယ်လို့ထင်ပါတယ်ဗျ။ အဲ့ယောက်ျားလေးကလည်း အီမိုစတိုင်လ်လိုလို ရပ်ပါလိုလိုနဲ့ ပေါ့ဗျာ။ ကောင်မလေးဝတ်ထားပုံစံကလည်း အပေါ်ပိုင်းက အကျီင်္မရှိတဲ့အတိုင်းပဲဗျာ။ ပေါ်နေတာ...သိသိသာသာကြီး။ ၀တ်ထားတဲ့ skirt ကလည်း ထင်ထားတာထက်အရမ်းတိုလွန်းနေပါတယ်ဗျာ။ ကောင်လေးက သွားပြီး ဖက်လိုက်၊ ဟိုကိုင်ဒီကိုင်နဲ့ (ရှင်းပြလိုက်ရင်တော့ မကောင်းတော့ဘူးထင်တယ်)။။။။ အဲ့လိုမျိုးမြင်ရတာ မြန်မာလူမျိုးတွေပါပဲ။ ကျက်သရေမဲ့၊ ဂုဏ်တွေလည်းမရှိတာမှတကယ့်အမှန်ပါ။။

ကျွန်တော့်အဲ့ထက်ဆိုးတာတွေ့တယ်။ မဏ္ဍပ်ကိုကားတိုက်တာ ကျွန်တော့်ရဲ့ ၁* နှစ်ဘ၀သက်တမ်းမှာလုံးဝမမြင်ဖူးပါဘူး။ နောက်ပိုင်းကျတော့ ရေပက်ခံထွက်တဲ့လူတွေက ဆဲတတ်လာတယ်ဗျာ။ နာအောင်ပြောတာထက်ဆာရင် သူများကိုဆဲပါတယ် ။ဒါမျိုးတွေကိုတော့တရားဆွဲသင့်ပါတယ်ဗျာ။ သူများကြားရတာနားဝင်ဆိုးလို့ပါ။ တချို့ကားတွေဆိုရင် သာသနာ့အလံထောင်ထားတာကို ပက်တဲ့လူတွေလည်းရှိနေတာ။ လွန်လွန်းနေပါပြီဗျာ။ သင်္ကြန်အကျနေ့ကဆိုရင် ညနေပိုင်းရေပက်ခံသွားတော့ ကားကကြတ်တယ်လေ။ အနောက်ကကားက သည်းမခံတော့လာတိုက်ပြီး ကျွန်တော်တို့ရေပက်ခံထွက်တဲ့ကားကိုဆဲပါလိမ့်ရော။ ကျွန်တော်တို့ အနောက်ဆုတ်ပြီးတိုက်တာတွေကော၊ ပြန်လျောရမှာတွေကော။ အမှန်တကယ် ကျွန်တော်တို့က တောင်းဆိုသင့်တာပါ။ ကျွန်တော်စိတ်ဆိုးပြီး ပြန်ပြောလိုက်ပါတယ်။ "ဆဲတာတော့မကောင်းပါဘူး။ ခင်ဗျားတို့တိုက်ပြီး ကျုပ်တို့ကိုလာလျော်ခိုင်းရင် ကျုပ်မလုပ်ပေးနိုင်ဘူး"လို့ခပ်ရင့်ရင့်ပြောလိုက်ပါတယ်။ အဲ့ဒါကို သူတို့တွေက စာလာဖတ်ပြီး ဈေးစစ်နေတာ အရှေ့က မှန်ကဘာဖြစ်တာလဲ။ ဒါကို ဦးလေးက အဲ့ဒါနဂိုကတည်းကဖြစ်နေတာလို့ပြောလိုက်တယ်။ ပြီးတော့လည်း ကျွန်တော်တို့ ကားကိုကွေ့မယ်ဆိုတော့ အနောက်ကမောင်းလာတဲ့ကားက "ခင်ဗျားကြီးကားကိုဘာလုပ်မှာလဲ"တဲ့အင်မတန်မှကြားရရင်ကလေးကအစနာလွန်းလှပါတယ်ဗျာ။ "အင်း။ ကွေ့မှာပေါ့ဗျာ"လို့ပြောလိုက်ပါတယ်။ ဒီနေ့လည်း အွန်လိုင်းကလူတစ်ယောက်က ကျွန်တော့်ကိုပေါက်ကရလေးဆယ်တွေပြောတယ်။ အပုတ်ချတယ် ။ မဟုတ်တရုတ်တွေပြောတယ်။ ကျွန်တော်က အဲ့ချိန်ကမအားတော့ ပြန်ပြောတာနည်းနည်းအပေါက်ဆိုးသွားလို့ ကျွန်တော်က တောင်းပန်လိုက်ရပါတယ်။ အဲ့ဒီထက်ပြောလိုက်ပါတယ်။ မကျေနပ်ရင် ဘလော့လို့ရပါတယ်လို့ဗျာ။

ထုံးစံတစ်ခုဆိုးတာက ကိုယ်ဝန်ဆောင်တဲ့မိခင်ကိုရေနဲ့ပက်တာပေါ့။ ဒါက ပိုဆိုးပါတယ်။ ကလေးပါအသက်ရှောသွားနိုင်တယ်ဆိုတာကိုကျွန်တော်ကသတိပေးခြင်းပါဗျာ။ အဲ့ဒီထက်ဆိုးတာက ခွက်ဆောင်းခုပ်တာ သူတို့တွေကိုခုတ်ရင်မကြိုက်ဘူး။။။ သူများကိုသွားခုတ်တယ် ။ ခုတ်တာ သူများအသားအရေကိုပျက်စီးနိုင်ပါတယ်။ ရေပက်ခံထွက်ရင်တောင် မီးသတ်ပိုက်ထိုးရင် towel နဲ့အုပ်ထားတဲ့လူကိုတောင် အဲ့လိုမျိုး အဲ့ထဲထည့်ပြီးထိုးတာ အလွန်မိုက်ရိုင်းလွန်းပါတယ်ဗျာ။ ဆိုးတာက ရေမွှေးကို များများဆွတ်တာလေ။ ကျွန်တော်တောင်ခေါင်းကိုက်တယ်။ pressure ပိုက်နဲ့ watergun ကိုသုံးပြီး မျက်စိကိုထိုးတာမုန်းလို့မျက်မှန်တက်ထားရပါတယ်ဗျာ။ နားထိပါထိုးလို့ မိုးကာဝတ်ထားတာ။ တချို့က ကတုံးလို့ပြောလို့ ပြန်ပြောလိုက်တယ်ဗျာ။ "မင်းတို့လည်း ငါတို့မွေးရာပါကတုံးပဲ။ မင်းတို့နားမလည်ဘူးလား" လို့ပြောတယ်။သူတို့ဆဲ၇င် "မင်းတို့မိဘတွေလည်းအဲ့လိုဆဲဖူးလား"လို့ပြောရင်ပြောတယ်။ သို့မဟုတ်နောက်တနည်းက "မိမဲ့ဖမဲ့ဆုံးမတဲ့သားသမီးများ အဲ့လိုမျိုးပါးစပ်ပုတ်လိုက်စပါ့" ဆိုပြီးပြောလိုက်ပါတယ်ဗျာ။ ဟုဒေါသဖြစ်ရင်းရေးသားမိပါသှ်။ သင်တို့ကိုမဆိုလိုပါ။ ဒါမျိုးရှောင်ကြဉ်ရန်သာဖြစ်သည်။ ဝေဖန်ခြင်းသည်းခံပါ။ ဒီစာကိုလည်း မည်သူမဆို ဝေမျှနိုင်ပါသည်။ credit ထည့်သည်ဖြစ်စေ...မထည့်သည်ဖြစ်စေ...ကြိုက်သလိုဝေမျှနိုင်ပါသည်။

သရဲလေး
<04/15/2012>

Saturday, April 14, 2012

Bus ကားသင်္ကြန်ရက်အတွင်းဈေးတက်

 ရန်ကုန်မြို့တွင် လူတိုင်းနီးပါး Bus ကားဖြင့်ရေပက်ခံထွက်ပါသဖြင့် နဂိုဈေးထက်ပိုတောင်းပါသည်။
သင်္ကြန်အကြိုနေ့တွင် bus ကားထိန်းသိမ်းသူများလည်း ကားကို နဂိုဈေးဖြင့် လုပ်ရန်ပြောပါသော်လည်း နဂိုဈေးထက် ပိုဈေးကြီးအောင်လုပ်တယ်။ သင်္ကြန်အကြိုနေ့မှာ ၃၀၀ကျပ်နဲ့တောင်းပြီး ၊ တချို့က နဂိုဈေးနဲ့ပဲခေါ်ယူပါတယ်။ သင်္ကြန်အကျနေ့တွင် ၄၀၀ကျပ် မှ ၅၀၀ကျပ် ထိ ယူကြောင်းသိရှိရပါသည်။




သရဲလေး
<04/15/2012>

တစ်သိန်းဈေးခေါ်၊ ၀ယ်သူမျှော်နေတဲ့ အိုဘားမားရဲ့ကား


အိုဘားမားရဲ့ ကျန်းမာရေးစီမံကိန်း ကို ဈေးကြီးတယ်လို့ ပြောတဲ့သူတွေ အိုဘားမားရဲ့ ဒေါ်လာတစ်သိန်းတန်ကားကိုရော ဘယ်လိုမှတ်ချက်မျိုး ပေးမှာပါလိမ့်။

သမ္မတအိုဘားမားစီးခဲ့တဲ့ ၂၀၀၅ ခုနှစ်ထုတ် ခရိုက်စလာ 300Cကားဟာ မိုင်ပေါင်း ၁၉,၀၀၀ နီးပါးခရီးသွားခဲ့ပြီးပါပြီ။ သမ္မတအိုဘားမားက အဲဒီကားကို ပိုပြီး ဆီစားသက်သာတဲ့ ၂၀၀၇ မော်ဒယ်လ် FodEscape ဟိုက်ဘရစ်နဲ့ အလဲအထပ်လုပ်ခဲ့တာပါ။

အဲဒီ ဒေါ်လာတစ်သိန်းဈေးခေါ်ထားတဲ့ ခရိုက်စလာရဲ့ လက်ရှိကားပိုင်ရှင်ဖြစ်တဲ့ အီလီနွိုက်ပြည်နယ်သားတင်(မ်)အိုဘွိုင်လေဆိုသူက eBay ၀က်ဘ်ဆိုက်မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။

အိုဘားမားစီးခဲ့တဲ့ ခရိုက်စလာကားရဲ့ လက်ရှိပေါက်ဈေးဟာ အမေရိကန်ဒေါ်လာ ၁၄,၃၄၆ ကနေ ၁၉,၁၄၂ အတွင်းမှာပဲ ရှိတယ်လို့ ဆိုပါတယ်။

"လေလံတင်လို့ ရောင်ရငွေကို လှူပစ်မယ်လို့ ရည်စူးထားရင်တတ်နိုင်တဲ့လူတွေက လေလံဝင်ဆွဲကောင်း ဆွဲပါလိမ့်မယ်" လို့ သမိုင်းဝင်အသုံးအဆောင်ပစ္စည်းများဆိုင်ရာ ကျွမ်းကျင်သူ ဘရိုင်ယန်ချိန်းစ်ကပြောပါတယ်။

ဒါပေမယ့် ကမ္ဘာ့ထိပ်သီးနိုင်ငံခေါင်းဆောင်တွေရဲ့ အသုံးအဆောင်ပစ္စည်းတွေဟာတန်ကြေးထက် ဈေးပိုရတတ်ပါတယ်။ တကယ်လို့ အဲဒီကားမှာသမိုင်းဝင်ဖြစ်ရပ် တစ်ခုခုဖြစ်ပွားခဲ့တယ်ဆိုရင်ပေါ့။ အီရန် သမ္မတအာမက်ဒီနီဂျတ်ရဲ့ ၁၉၇၇ ခုနှစ်ထုတ် ပူဂျိုကားဟာ ဒေါ်လာ ၂ဒသမ ၅သန်း ဈေးရခဲ့ဖူးပါတယ်။

ဆန်း

Karoolark ရဲ့သမိုင်းအချို့


ကျွန်တော်ခုတင်ပြမှာက အရင်က karoolark မဟုတ်ဘဲ webuzz.im ဆိုတာကိုတင်ပြချင်ပါတယ်ဗျာ။ အရင်ကဆိုရင် webuzz.im နဲ့ပဲချက်တာ။ အဲ့အချိန်ကဆိုရင် အလိုအလျောက်လက်မခံဖူးလေ။ မြန်မာတွေအသုံးများတာကိုတော့သတိထားမိတယ်ဗျာ။ ၂၀၀၉၊ ၂၀၁၀ တုန်းက ပါ။ java2demo@gmail.com ရယ်၊ java2script@gmail.com နှစ်ခုခွဲထားပါသေးတယ်။ အဲ့ဒီနေရာမှာတင် ကိုယ်ကအဲ့အကောင့်နှစ်ခုလုံးကိုဝင်ပြီးချက်လို့ရပါသေးတယ်ဗျာ။ ပြီးတော့လည်း ကိုယ်လိုချင်တဲ့သူငယ်ချင်းအကောင့်ကိုသာအပ်ရုံပဲ (အယ်...ဒါတော့မကောင်းဘူးဗျာ..)။။။ အဲ့အကောင့်တွေကအမှန်တော့ တကယ့် Google Talk application မှာသုံးဆွဲလို့ရတာမဟုတ်ပါဘူး။ အရင်ကဆိုရင် ခု feature အသစ်လို သူငယ်ချင်းအသစ်တွေအလိုအလျောက်လက်မခံဖူး။ background image လည်းမရှိပါဘူး။  အသစ်တွေအလိုအလျောက်လက်ခံတာကမကောင်းဖူးလေ။ တချို့က သူလက်ခံချင်မှလက်ခံမယ်။ တစ်ခုအားသားချက်က ကွန်နက်ရှင်ကျရင် ချက်ချင်း reload ပြန်လုပ်ပေးတယ်။ ဆိုးတာက cookies တွေကိုမှတ်လို့အားနည်းချက်ပါပဲ (ပြောရရင်သူများဆိုဒ်ကို ခိုးချင်တဲ့ဟတ်ကာဆိုဒ်ပေါ့).။ အဲ့ဒီပိုင်ရှင်က တရုတ်လူမျိုးပါပဲ။ Zhou Renjian လားဘာလားတော့မသိဖူး (အသံထွက်မသိုဖူးလေxxx)။ အကောင့်ကတော့ zhourenjian@gmail.com ပါဗျာ။ စကားပြောရင် သူကလည်းသဘောတော့ကောင်းပါတယ် (အင်္ဂလိပ်လိုပေါ့)။။ ပုံဆိုင်လည်းပြောင်းလို့မရဘူး။ Blocked လုပ်ရတာခက်ပါတယ်။ မြန်မာအသုံးများတာ ဘာကြောင့်လဲဆိုတော့ကွန်ကလည်းကျတယ်လေ။ ပြီးတော့လည်း မြန်မာတော်တော်များများကြိုက်တာက auto accept ပဲလေ။ java2demo@gmail.com နဲ့ java2script@gmail.com ကလည်းအဲ့အရင်ကဆိုရင် ကိုယ့်အကောင့်နေလည်းအပ်လို့ရသလို၊ java2demo@gmail.comနဲ့ java2script@gmail.com ကိုကိုင်တဲ့လူလည်း ကိုယ့်အကောင့်ကိုအပ်လို့ရတယ်လေ။ Zhou Renjian က http://j2s.sourceforge.net/ ကိုအဓိကထားသုံးပြီး။



 ပြီးတော့ သူဒိုမိန်းဝယ်တဲနေရာက www.godaddy.com လေ(နာမည်ကြီးဆိုဒ်ရောင်းသောနေရာတစ်ခု)။။။

ဒါတောင် webuzz.im ကို proxy ကျော်ကြည့်ရတဲ့ခေတ်လည်းရောက်လိုက်သေးတယ်ဗျာ။ :( ။ Access Denied တဲ့။ နောက်ပိုင်း စိတ်နဲ့လို့ကျွန်တော်လည်းမကြည့်ဘူး။ နောက်တော့မှာ သူများက Karoolark ကိုပြတော့မှာ..သြော်။ webuzz.im က karoolark.com ပဲကိုးးး။ webuzz.im က redirect လုပ်ထားတာ။ မယုံရင် webuzz.im လို့ထည့်ကြည့်။ karoolark.com အဖြစ်သို့ရွေ့သွားမယ်ဗျာ။ karoolark ကဇယားရှုပ်တယ်လို့ပြောရမှာဗျ။ webuzz.im မတိုင်မီ၂၀၀၈ခုနှစ်မှာ izuz.net လို့သုံးသေးတယ်။ ကျွန်တော်ကအဲ့ချိန်ကအရမ်းငယ်သေးလို့ အဲ့ဒီအထိတော့မမီလိုက်ပါဘူး။ izuz.net က$278USD လောက်ထိမြတ်ပါတယ်လို့သိထားရတယ်ဗျာ။ webuzz.im ကတော့ $1,283USD  ကတော့ ဒီလောက်မြတ်ပါတယ်။ karoolark.comကတော့  $6,692USD  အထိမြတ်ပါတယ်ဗျာ။ ဒါပေမယ့် ဒါတွေက css နဲ့ javascript အဓိကထားပြီးလုပ်ထားတာပါ။ သူတို့ရဲ့ team တွေကတရုတ်ဖြစ်တဲ့အတွက် quality က တခြားဆိုဒ်အများကြီးကွာပါတယ် (မကောင်းတာကိုပြောတာ)။။။ ဆိုဒ်က ၂၀၀၈ ဧပြီလမှလုပ်ကြောင်းသိရှိရပါတယ်ဗျာ။ သူတို့ဟာက ကွန်မကောင်းတဲ့အချိန်မှာသုံလို့ကောင်းတယ်လို့မြန်မာလူမျိုးတွေက ဆိုကြပါတယ်။

သရဲလေး
<04/14/2012>

Thursday, April 12, 2012

အမေရိကန် ဖုန်းတစ်လုံး အခမဲ့ယူနည်း (အ၀င်သီးသန့်)

စာဖတ်သူမှာ ကွန်ပျူတာရှိမယ်၊ အင်တာနက်ရှိမယ်ဆိုရင်တော့ အမေရိကန် ဖုန်းတစ်လုံး အခမဲ့ပိုင်ဆိုင်နိုင်ပါပြီ။ စာဖတ်သူ အတွက် ကိုယ်ပိုင်သီးသန့် အမေရိကန်ဖုန်းနံပါတ်တစ်ခုကို အခမဲ့ ရရှိမှာပါ။ တကမ္ဘာလုံးကနေ ကိုယ့်ဆီကို ဖုန်းခေါ်နိုင်ပါလိမ့်မယ်။ သူငယ်ချင်းက ကိုယ့်ဖုန်းနံပါတ်ကို ခေါ်လိုက်တာနဲ့ ကိုယ့်ကွန်ပျူတာမှာ ဖုန်းမြည်သံ ထွက်လာပါလိမ့်မယ်။ နားကျပ်လေးနဲ့ ပြောရုံပါပဲ။

ဘယ်လိုလုပ်ရမလည်းဆိုတာ မရေးသေးခင် သဘောတရားကို အရင်ရှင်းပြပါရေစေ။ အင်တာနက်မှာ SIP Protocol ဆိုတာ ရှိပါသေးတယ်။ သူက အင်တာနက်ပေါ်မှာ အသံတွေ ကောင်းကောင်းမွန်မွန် ချောချောမောမော စီးဆင်းနိုင်အောင် အထူးပြုလုပ်ထားတဲ့ Protocol ဖြစ်ပါတယ်။ အဲဒီ SIP Protocol ကို အသုံးပြုထားတဲ့ Software တွေကို SIP Client လို့ ခေါ်ပါတယ်။ ဖုန်းခေါ်ဆိုနိုင်တဲ့ Software တွေ အားလုံးကိုတော့ SoftPhone (Software Phone) လို့ ခေါ်ပါတယ်။ အများသိတဲ့ Skype? Pfingo တို့ဟာလည်း SoftPhone တွေပါပဲ။ ဒါပေမဲ့ သူတို့က SIP Protocol ကို အသုံးပြုထားတာ မဟုတ်ပါဘူး။ SIP Protocol ကို အသုံးပြုတဲ့ Software တွေကို နမူနာပြောရရင် ExpressTalk တို့ XLite တို့ ဖြစ်ပါတယ်။ သူတို့ကို အတိုကောက်အနေနဲ့ SIP SoftPhone လို့ ခေါ်ပါတယ်။

ကိုယ့်ကွန်ပျူတာမှာ SIP Softphone တင်ပြီးသွားရင် SIP account တစ်ခုကို အခမဲ့ ရယူနိုင်ပါတယ်။ ကိုယ့်သူငယ်ချင်းဆီမှာလည်း SIP SoftPhone ရှိမယ်၊ SIP account ရှိမယ်ဆိုရင် သူနဲ့ကိုယ်နဲ့ ဖုန်းပြောလို့ရပါပြီ။ Gtalk နဲ့ တစ်ယောက်နဲ့တစ်ယောက် ဖုန်းပြောသလိုပါပဲ။ Gtalk ဆိုရင်လည်း သူ့ကွန်ပျူတာမှာ Gtalk တင်ထားမှ၊ သူ့မှာလည်း Gtalk account ရှိမှ၊ သူကလည်း Online ဖြစ်ဦးမှ၊ Connection ကလည်း ကောင်းဦးမှ ဖုန်းပြောလို့ ရသလိုပါပဲ။ SIP SoftPhone တွေဟာလည်း အဲဒီလိုပါပဲ။

SIP Phone တွေက အားနည်းချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ခေါ်ဆိုတဲ့အခါ username နဲ့သာ ခေါ်ဆိုခွင့် ရတာပါ။ အဲဒီလို username အစား ဖုန်းနံပါတ်တစ်ခု Free ပေးတဲ့ Service ကလည်း အွန်လိုင်းပေါ်မှာ ရှိနေပါပြီ။ တစ်နည်းအားဖြင့် username နဲ့ ဖုန်းနံပါတ်ကို တွဲပေးလိုက်တာပါပဲ။ နောက်ဆုံးတော့ ကိုယ့်အတွက် အမေရိကန် ဖုန်းနံပါတ်ရသွားမှာ ဖြစ်ပြီး အဲဒီဖုန်းနံပါတ်ကို တစ်ယောက်ယောက်က ခေါ်ဆိုလိုက်ရင် ကိုယ့်ကွန်ပျူတာမှာတင်ထားတဲ့ SIP SoftPhone က Alarm ပေးပါလိမ့်မယ်။ နားကျပ်လေးနဲ့ ဖုန်းပြောရုံပါပဲ။

ကဲ..စလိုက်ရအောင်။

၁။ www.callcentric.com ကိုသွားပြီး Sign Up လုပ်ပါ။ Sign Up လုပ်ပြီးသွားတဲ့အခါမှာ ကိုယ့် email ဆီကို Verification mail ပို့ပေးပါလိမ့်မယ်။ အဲဒီ verification mail မှာပါတဲ့ link ကို နှိပ်ပေးပါ။ သူက အချက်အလက်တွေ ထပ်တောင်းပါလိမ့်မယ်။ City, Zip code စသည်ဖြင့်ပါ။ U.S မှာရှိတဲ့ မြို့၊ State၊ Zip code စတာတွေကိုပဲ ထည့်ပေးပါ။ အားလုံးပြီးသွားရင်တော့ ကိုယ့်မှာ callcentric account တစ်ခု ရသွားပါလိမ့်မယ်။ Register လုပ်တုန်းက ပေးခဲ့တဲ့ username နဲ့ call centric က ထုတ်ပေးတဲ့ call centric number၊ call centric မှာ ဖော်ပြထားတဲ့ ကိုယ့်ရဲ့ IP တွေကို သေချာ မှတ်ထားပါဦး။

၂။ နောက်တစ်ဆင့်အနေနဲ့ phone.ipkall.com ကိုသွားပါ။ Register လုပ်လိုက်ပါ။ SIP username နဲ့ password မှာ အစောက callcentric မှာ ပေးခဲ့တဲ့ username နဲ့ password ကိုပဲ ထည့်ပေးပါ။ email မှာလည်း call centric က အတိုင်း ထည့်ပေးပါ။ hostname မှာတော့ callcentric.com လို့ ထည့်ပေးပါ။

၃။ Sign Up လုပ်ပြီးသွားတဲ့အခါမှာ IPKall ကနေ အီးမေးတစ်စောင် ပို့ပါလိမ့်မယ်။ အဲဒီ အီးမေးလ်ထဲမှာ Your IPKall phone number is ဆိုပြီး ပါပါလိမ့်မယ်။ အဲဒီဖုန်းနံပါတ်ဟာ အမေရိကန် ၀ါရှင်တန်ဒီစီ ဖုန်းနံပါတ်ဖြစ်ပါတယ်။ အဲဒီနံပါတ်ဟာ စာဖတ်သူအတွက် ကိုယ်ပိုင်သီးသန့် နံပါတ်တစ်ခု ဖြစ်ပါတယ်။ အဲဒီဖုန်းနံပါတ်ကို သူငယ်ချင်းဆီ ပေးလို့ရပါပြီ။

၎။ နောက်တစ်ဆင့်ကတော့ SIP SoftPhone ကို ကွန်ပျူတာမှာ ထည့်သွင်းဖို့ပါပဲ။ www.nch.com.au ကနေ Express Talk ကို download ဆွဲပြီး ကွန်ပျူတာမှာ install လုပ်လိုက်ပါ။

၅။ ExpressTalk ကို ဖွင့်လိုက်တဲ့အချိန်မှာ Wizard တစ်ခု ပေါ်လာပါလိမ့်မယ်။ Next တွေသာ နှိပ်သွားပါ။ SIP Setup ဆိုတဲ့ နေရာ ရောက်ရင်တော့ Yes, I already have a SIP account ကို ရွေးပြီး Next နှိပ်ပါ။ SIP Proxy မှာ in.callcentric.com ဆိုပြီး ထည့်ပါ။ SIP Number မှာ callcentric က ထုတ်ပေးထားတဲ့ number ကို ထည့်ပေးပါ။ password မှာလည်း callcentric တုန်းက ပေးခဲ့တဲ့ password ကိုပဲ ထည့်ပေးပါ။ ပြီးရင် OK နှိပ်လိုက်ပါ။

၆။ ExpressTalk က Server နဲ့ ချိတ်ဆတ်တာကို ခေတ္တစောင့်ပါ။ ပြီးဆုံးရင်တော့ ကိုယ့်ဖုန်းဟာ အ၀င် call လက်ခံဖို့ အဆင်သင့် ဖြစ်နေပါပြီ

ref; http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:4874680?id=6384739%3ABlogPost%3A4874680&page=1#first_comment

ဗဟန်းမြို့နယ်တွင် မဏ္ဍပ်ကို ကားတစ်စီးက၀င်တိုက် (ဖြစ်ရပ်မှန်)

ယနေ့ ၁၂ရက်နေ့၊ ဧပြီလ၊ ၂၀၁၂ပေါ့ဗာ။ ကျွန်တော်က တာမွေမှာနေတာပါ။ ကျွန်တော် ၃နာရီထိုးတော့ သူငယ်ချင်းတွေက ရေဆော့ဖို့ခေါ်လာတယ်။ ကျွန်တော့်အဖို့တော့ ထီးလေးတစ်ချောင်းနဲ့စိုမှာဆိုးလို့အုပ်ထားတာ။ ကျွန်တော်ကတော့စိုတာပဲလေ။ ကျွန်တော့်ညီလေးကိုစိတ်ပူလို့ ကားလမ်းပေါ်ထိမပက်ဖို့အကြိမ်ကြိမ်ပြောပေမယ့် နားမထောင်ပါဘူး။။။

၃နာရီ ၁၅မိနစ်မှာ ...အသံတစ်ခုကြားလိုက်သလို၊ မျက်စိထဲမှာ ကားတစ်စီးက မဏ္ဍပ်အသေးစားကိုရှောင်ပြီးကွေ့ရင်းဝင်တိုက်ပါတယ်။ အသံကလည်းအကျယ်ကြီးကြားရတာ (တာယာပေါက်သောအသံနှင့်တူသလို...ဘရိတ်အရမ်းအုပ်မိသောအသံဖြင့်တူပါသှ်။) တိုက်တာက ကလေးတွေများနေတယ်။ လူကြီးကသိပ်မရှိဘူး။ ခန့်မှန်းကြည့်ရသလောက်တော့ ၁၅ယောက်နီးပါးပေါ့။ ကံကောင်းချင်တော့ တစ်ယောက်မှမသေဘဲ ကလေးတွေခေါင်းပေါက်ဒဏ်ရာဖြစ်တာကိုအဖေက သွားကြည့်တော့ ကျွန်တော်သိရတယ်။ အဲ့ကားထဲမှာ လူက တစ်ယောက်ပဲ(driver တစ်ဦးပါ) ပါပါတယ်။  သူက အရက်မူးတယ်လို့သိထားရပါတယ်။ ကလေးတွေခေါင်းပေါက်သွားပေမယ့် တစ်ယောက်မှမသေခဲ့ပါဘူး(အဲ့ကရေပုံးအကြီးကြီးခံနေလို့မသေခဲ့ရတာပါ။)အဲ့မှာ ကျွန်တော့်ညီနဲ့သူ့ဘေးက သူငယ်ချင်းတွေအားလုံးနောက်ဆုတ်သွားတယ်လေ (ပလက်ဖောင်းပေါ်မှာပဲပက်တာပေါ့) ။ကျွန်တော်က ကံကောင်းချင်တော့ camera ပါလာတယ်။ ဒါပေမယ့် ဗဟန်းထဲသွားပြီးတော့မရိုက်ရဲဘူး။ ရိုက်တာ ၇ပုံမှာ ကောင်းကောင်းမမြင်ရလို့ ၃ပုံပဲရခဲ့ပါတယ်။ ရဲမလာမီ ၅မိနစ်အလိုမှာရိုက်ပြီး camera ကို ကျွန်တော်ကသိမ်းလိုက်ပါတယ်။ ပြီးတော့ ကိုယ်မသိသလိုခပ်တည်တည်ပဲ။ အဲ့..ဒါနဲ့ဗျာ။ မေ့တော့မလို့..ကားနံပါတ်က ၈င/***** ပေါ့။ ကားနံပါတ်ကလည်း အဖြူရောင်နဲ့နဂိုကတည်းကအုပ်ထားတာ။ နံပါတ်ရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။ ပြီးတော့ ရေပက်ခံထွက်ရင်းအဲ့အမှုပါကြည့်ခဲ့တာပါ။ ၄နာရီ၃၀ရောက်တော့အဲ့လမ်းရောက်သေးတယ်။ အမှုကလည်းစစ်လို့မပြီးသေးပါဘူး။ ကားကလည်း အကုန်ပဲ့သွားတယ်။ ဘယ်လိုဆက်ဖြစ်သွားလဲဆိုတာကိုသိချင်ရင်..မနက်ဖြန်သတင်းစာထဲရောက်လာလိမ့်မယ်။

အဲ့ဒါတွေကအပျော်များတဲ့လူတွေလည်းဒဏ်ရာရတဲ့အပြင်..မိဘတွေနဲ့အတိုင်ခံရပြီး..အရော်တလောတွေတောင်ဖြစ်လာ ဦးမှာပါ။ ပြီးတော့လည်း ကားလည်းပျက်တယ်အပြင်...အန္တရာယ်လည်းများပါတယ်။ အရက်ဆိုတဲ့ကောင်းတဲ့အမျိုးမဟုတ်ဖူးဗျ။ ကွန်မကောင်းလို့ တခြားဆိုဒ်ကနေပဲ upload လုပ်တော့မယ်ဗျာ။ ဒီလိုမျိုးလည်းနှစ်သစ်သင်္ကြန်ကိုဟောင်းနွမ်းစေတယ်ဗျာ။။။






 

 





သူငယ်ချင်းတို့သာ share ရင် ကျွန်တော်ကျေးဇူးတင်ပါမယ်ဗျာ။။။ဘာဆက်ဖြစ်လဲဆိုတာကိုသိချင်ရင် နက်ဖြန်ကြေးမုံမှာပါလာလိမ့်မယ်နော်။။ တရားသွားထိုင်ဦးမယ်။။ဘိုင်။

သရဲလေး
<04/12/2012>

Tuesday, April 10, 2012

Facebook မှာကိုယ့်အကောင့်ကို Invisible လုပ်နည်း

wwthaung: Facebook မှာ invisible လုပ်တတ်ခြင်လို့
ဒီလိုလေ Gmail မှာ invisible လုပ်ထားရင် off line ပြတယ်လေ အဲဒီ့တော့ အမ လိုင်းပေါ်ရောက်နေလဲ

ကျွန်တော်လည်း facebook ကိုမုန်းတယ်(Mark Zuckerberg က Fcaebook ပိတ်မယ်လို့လိမ်နေတာ ၂နှစ်ရှိပါပြီ။။။။။။အဲ့လိုလူလိမ်နဲ့ ကျွန်တော်က အစော်ကားခံရမယ့်လူထဲမှာမပါပါဘူး)။ မကိုင်ဖြစ်တာများပါတယ်။ ခုသူမေးလို့ ဖွင့်ပြီးလုပ်ရတယ်လေ။

ဒါက နဂိုပုံစံ။

 အဲ့ အဖြူရောင် button လေးကို ညာဘက်ကို drag လုပ်လိုက်ရင် Go Offline ပြသွားလိမ့်မယ်။ အိုကေပါပြီ။ အောင်မြင်ပါစေဗျာ။


 မေးမြန်းသောသူများအားကျေးဇူးတင်ပါသည်။

သရဲလေး
<04/10/2012>

Monday, April 9, 2012

Dominican Republic Police arrested 6 Anonymous hackers



Dominican Republic Police has arrested six hackers , Milton Corniell David Jimenez (Zerohack), Juan Rafael Leonardo Acosta (Nmap), Cristian de la Rosa Jose de los Santos (Mot), Robert Reynoso Delgado (Frank-Ostia) linked to Anonymous and accused by the authorities of attacking websites of state and private companies. Public Prosecutor German Vasquez alleges the six hacked into government websites, including ones for the president and the education ministry. He says the suspects range in age between 17 and 23.

The members of combat cyber crime unit made the arrest in an joint operating in the country early Sunday in the capital Santiago. Defense lawyer Carlos Guerrero denies the accusations and says the government has no evidence.

The defendants are accused of cyber terrorism, which the prosecution defined as a new form of threats and vulnerabilities in the Internet. denunciations of the "hacks" to institutions DG Internal Revenue filed a complaint of "hacking" 30 August 2011.

ref; http://shwekoyantaw.blogspot.com/

Saturday, April 7, 2012

ဂိမ်းတွေရဲ့ cheat စာအုပ်ဆော့ဝ်လ်ရယူရန်(Cheatbook Database 2012)





ကျွန်တော်မရေးတာနည်းနည်းကြာပြီပေါ့ဗျာ။ ကျွန်တော်တို့ဆီမှာ လိုင်းကလည်းကွေး...သားသားမြန်မာမှာနေတော့ မီးကလည်းပျက်နေတာ ...ပိုစ့်ရေးတာတန်းလန်း..ပြီးရင်မီးကဖတ်ဆိုပြီးပျက်တော့..ခဏခဏပိုစ့်ရေးရတာအရသာမရှိဘူးပေါ့ဗျာ။ 2012 cheat (for April) ကနောက်မှတင်ထားလိုက်မယ်ဗျာ။

၁၉၉၈ကနေ ၂၀၁၂ ထိပါတဲ့ games cheat တွေပါဗျာ။ တချို့က ဘယ်လိုဆော့ရမလဲဆိုတာကိုသေချာ instruction မပေးထားလို့ အဲ့ကနေဖတ်ရတာအဆင်ပြေတာပေါ့ဗျာ။လှည့်ကွက်ကတွေပေါ့။ (ဥပမာ-PC, Playstation, Playstation 2, Playstation 3, Sega, Nintendo 64, Nintendo DS, DVD, Gameboy Advance, Gameboy Color, N-Gage, Nintendo DS, XBox, XBox 360, iPhone, Gamecube, Dreamcast, Super Nintendo, Wii, Sony PSPတွေလေ)။ ပြီးတော့ game ထွက်လာတဲ့ခုနှစ်တွေကိုလည်းရှာလို့ရတယ်။ အဲ့ဂိမ်းရဲ့ official site လည်းရှာလို့ရတယ်ဗျာ။

exe နဲ့ပါ။ ဖိုင်ဆိုဒ်ကတအားများလို့ upload လုပ်ရတာအချိန်ပေးရပါတယ်ဗျာ။ အောက်က Download Now-free ကို click ပါဗျာ။ (Link : 4shared)


 

60MB ပေါ့ဗျာ။ Installer သက်သက်ပါ။

official site: Cheatbook-Database2012

သရဲလေး
<07/04/2012>

Monday, April 2, 2012

co.cc ကိုဘာကြောင့်ဆော့ဝ်လ်အချို့ကလက်မခံ???


တချို့ IP Hide ဆော့ဝ်လ်တွေဆိုလည်းပိတ်တယ်လေ။ anti-virus ဆော့ဝ်လ်တွေကလည်းဘမ်းထားကြတာ။ co.cc မှာ malware ပါတယ်ဗျာ။ တချို့ဆော့ဝ်လ်တွေနဲ့ငြှိလို့ပြန်ပိတ်ရပါတယ်။ အဆင်မပြေပါဘူး။ တခုအဆင်ပြေတာကတော့ သူ့အားသာချက်ကတော့ ဒိုမိန်းတွေလုပ်ရအစဉ်ပြေတယ်၊ ချိတ်ရတာအရမ်းလွယ်တယ်။ ပြီးတော့ short link ပေါ့ဗျာ။ တစ်နည်းအားဖြင့် free ပေါ့။ ကျွန်တော်တို့နိုင်ငံမှာကတော့ အစကတော့ blogspot မရလို့ဆိုပြီး co.cc နဲ့လာခေတ်စားခဲ့တာပေါ့ဗျာ။ ပြီးတော့ smartdots.com (ဥပမာ-it.tcnet.tcus.tcnet.tc,,etc...ပေါ့ဗျာ) တချို့ဆော့ဝ်လ် detectလုပ်ပါတယ်ဗျာ ။ co.cc ကလည်း1st hit... နာမည်ကြီးပဲ...free မှာတော့။ သူများတွေ blogspot တို့၊ webnode တို့၊ ....ဘာဘာညာညာမှာချိတ်နေတာ။။။ ဒါတွေကို ကွန်ပျူတာစကိုင်တဲ့လူကဘန်းစားပြီးလှတယ်လို့ထင်တာပေါ့။ အမှန်တော့ဘာမှမဟုတ်ပါဘူး...ဘန်းစားပေမယ့်...တကယ်တော့ detection လုပ်ပါတယ်။

ဗဟုသုတအနေနဲ့၊ကျွန်တော်သိသလောက်ပြန်လည်လေ့လာပြီးတင်ထားတာရှိပါတယ်။ ညီလေးတိုရေ...အမှားလေးရှိရင်ပြင်ပေးကြဦးနော်။

ref; http://cyberhackergroup.multiply.com/journal/item/42/42

Friday, March 30, 2012

Gmail အကောင့်အသစ်လုပ်ချင်သူများအတွက်

သူများတွေမေးနေတာခဏခဏပဲဗျာ။ အကောင့်လုပ်နည်းပေါ့။ ခုတော့နားငြီးဒဏ်မခံနိုင်လို့သာ ရေးဖြစ်လိုက်တာပါ။ လုပ်နည်းကတော့ မခက်ဘူး။ အဲ့မှာ functions နှစ်မျိုးပါတယ်။ Youtube အကောင့်လုပ်တာရယ်၊ Gtalk အကောင့်လုပ်တာရယ်ပေါ့။ လွယ်တယ်မလား။ ဒါပေမယ့်ဘာရယ်မှတော့မဟုတ်ပါဘူးဗျာ။







Download Now ကို click လိုက်နော်။ သရဲလေးကမအားလို့ပိုစ့်မရေးနိုင်ဘူးလေ။ ဒါနဲ့မနက်ဖြန်သားသားခရီးထွက်ဦးမယ်နော်။ တာ့တာ။

သရဲလေး
<03/30/2012>

Thursday, March 29, 2012

ပိတ်ထားသော ဖိုရမ်ဆိုဒ်များကိုကျော်လွှားခြင်း (Educational Purpose Only)



ကျွန်တော်လည်းဖိုရမ်ဆိုရင် Register လုပ်ပြီးဝင်ရတာသိပ်ပျင်းပါ့။ ကွန်ကျရင်တော်တော်ရှုပ်တယ်။ နောက်တစ်ခုက ကိုယ့်ကိုသူတို့ကအဲ့ဖိုရမ်ဆိုဒ်က Banned ထားရင်ဘယ်နှယ့်လဲဗျာ။ အောက်လို့လည်းမရ၊ နည်းရှာမရတော့ပိုဆိုးပေါ့။ Hacker တွေကိုင်တဲ့tool နဲ့ဆိုရင်တော့အစဉ်အပြေဆုံးပေါ့ဗျာ(သားသားမသိဘူးနော်။)။ ဒါပေမယ့် အလွယ်ဆုံး လှည့်ကွက်နဲ့အလုပ်လုပ်တာ ၃ခုရှိတယ်။ ခုပြောပြမယ်လေ။


၁။ Google Cache

ကဲကဲ။  Google ကိုသွား။ Search Engine မှာ ဥပမာ http://www.mmitpalace.com/forum/topics/6456788:Topic:46893 ပေါ့လေ။ ချက်ချင်း Enter ခေါက်။


ပြီးတော့ ပေါ်လာလိမ့်မယ်။ ပုံမှာပြတဲ့အတိုင်း Cached ကို click ပါ။
 ဒါကတော့ နဂိုအတိုင်းဝင်ရင်အဲ့လိုဖြစ်မယ်။
 ဒီပုံက Cached လုပ်ထားတဲ့ပုံ။ လှုပ်ရှားမှုကတော့ အပေါ်မှာရေးထားတာပေါ့ (သို့သော် ခုလှုပ်ရှားမှုနဲ့မတူဘူးပေါ့ဗျာ။ ဟဲဟဲ)


 ၂။BugMeNot (Mozilla Firefox Extension)

BugMeNot Add-on ဟာ Bypass Registration အတွက် အလွန်ကောင်းတဲ့ Add-on ပါဗျာ။ BugMeNot မှာ ဆိုဒ် တော်တော်များများရဲ့ Login information များကိုသိမ်းဆည်းထားလို့သိထားရပါတယ်ဗျာ။

ကို click လိုက်ပါ။

ဒီလိုလာပြီးရင် Allow ဆိုတာကိုပေါ်လာပါလိမ့်မယ်။ အဲဒါကိုပါ Click လိုက်ပါ။


Install Now ကို Click ပါ။ ပြီးရင် Restart Firefox ကိုတွေ့ရပါလိမ့်မယ်။။ အဲ့ဒါလေးကို Click လိုက်ပါ။

BugMeNot ကိုသွင်းပြီးပြီဆိုရင်...
 အပေါ်ကပုံလေးကိုသေချာကြည့်ပါဗျာ။
 about:addons ကို သွားပါ။
BugMeNot ရဲ့ Options ကိုသွား။ ပြီးတာနဲ့ ရှိသမျှ Box တွေကိုအမှန်ခြစ်။ ပြီးတာနဲ့ OK ပေါ့ဗျာ။


၃။User Agent Switcher(Mozilla Firefox Extension)


User Agent Switcher က Webmasters တွေ သူတို့ရဲ့ Websites တွေဟာ Google နှင့် တစ်ခြား Search Engines တွေနဲ့ ကောင်းစွာ အလုပ်လုပ်နိုလား လို့ စစ်ဆေးရာတွင်သုံးတာ ဖြစ်ပါတယ်။ သူ့ကိုသုံးပြီး ကျော်(Skip Registeration) ကိုစွမ်းဆောင်နိုင်ပါတယ်ဗျာ။

 
 ကို Click လိုက်ပါ။

ဒီလိုလာပြီးရင် Allow ဆိုတာကိုပေါ်လာပါလိမ့်မယ်။ အဲဒါကိုပါ Click လိုက်ပါ။

Install Now ကို Click ပါ။ ပြီးရင် Restart Firefox ကိုတွေ့ရပါလိမ့်မယ်။။ အဲ့ဒါလေးကို Click လိုက်ပါ။
Tools ကိုသွား။ ပြီးရင် Default User Agent ကိုထောက်လိုက်ပါ။ ပြီးရင် User Agent Switcher ကိုသွားပါဗျာ။ နောက်ဆုံး Options.... ပေါ့ဗျာ။

New ကို click ပါ။ ပြီးတာနဲ့ New User Agent... ကို click ပါ။


Description: crawl­66­249­66­1.googlebot.com
UserAgent:  


UserAgent ကတော့ blank (ဘာလာ) ပေါ့ဗျာ။ အဲ့မှာ နဂိုစာပါတယ်။ ဖျက်လိုက်ပါ။

 ပြီးရင် OK ကို click ပါ။ User agent မှာ အသစ်လုပ်ထားတဲ့ Agent သုံးပြီး ပိတ်ထားတဲ့ဖိုရမ်ဆိုဒ်တွေကိုကြည့်လို့ရပါပြီဗျာ။

လက်တွေညောင်းသွားပြီ။ သားသားနားတော့မယ်နော်။ ဆေးအဖြစ်၊ အလှူအဖြစ် အောက်မှာကွန်မန့်လိုက်ဦး။ သားသားကအမွဲသမားဆိုတော့ဗျာ။ ဘယ်လိုလဲ။ သရဲလေးကတော့ လက်သရမ်းကောင်ပဲ။ အဟတ်ဟတ်။ အလွယ်ဆုံးပဲနော်။ SQL Injection ကတော့ မကိုင်တတ်လို့ မတင်တော့ဘူးနော်။ ဟိဟိ။ အဆင်ပြေကြပါစေ။။

သရဲလေး
<03/29/2012>

Thursday, March 22, 2012

၇ လကြာမှ တစ်ကြိမ်အိပ်ပြီး တစ်ကြိမ်အိပ်လျင် ၂ လ ကြာတတ်သည့် ဗြိတိန်မိန်းကလေး


ဗြိတိန်မှ မိန်းကလေး တစ်ဦးသည် ထူးခြားသော အိပ်စက်မှု အလေ့အထမျိုးကို ပိုင်ဆိုင်နေသူ  ဖြစ်သည်။ သူမသည် တစ်ကြိမ်အိပ်တိုင်း (၂) လကြာပြီး (၇) လလျှင် တစ်ကြိမ် အိပ်လေ့ရှိကြောင်း သိရသည်။ ကလိန်းလီဗင် အမည်ရှိ ရောဂါတစ်မျိုး ခံစားနေရသည့် လီလီကလာ့ခ်သည် အိပ်စက်ချိန် မူမမှန်မှု အခြေအနေတစ်ရပ်နှင့် ကာလရှည်ကြာ ရင်ဆိုင်နေရသည်။ သူမသည် စာမေးပွဲကာလများ၊ ခရစ္စမတ်နှင့် နှစ်သစ်ကူး ကာလများတွင် အိပ်စက်ရင်း အချိန်ကုန်ခဲ့ဖူးကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။ လီလီ၏ မိခင်ဖြစ်သူ အဒီလီက အိပ်နေခြင်းကြောင့် လီလီ၏ ဘဝတွင် အပြောင်းအလဲများစွာ ဖြစ်ခဲ့ရကြောင်းလည်း ထုတ်ဖော် ပြောဆိုသွားသည်။ (၂၀၀၇) ခုနှစ်က မိသားစုများ အတူတကွ စကိတ်စီးထွက်ရင်း စားသောက်ဆိုင်တစ်ခုသို့ အသွားတွင် လီလီ၏ ကာလကြာရှည် အိပ်စက်မှု စတင်ခဲ့သည်။ မိသားစုများသည် အစာမစားမီ အိပ်ပျော်သွားသော လီလီကို ပွေ့ချီကာ အိမ်ပြန်ခေါ်ခဲ့ရသည်။ လီလီအတွက် စိတ်မကောင်းစရာ ကိစ္စမှာ ဆရာဝန်များအနေနှင့် အဆိုပါ ပြဿနာကို မည်သို့မည်ပုံ အဖြေရှာ ကုစားရမည်ကို မသိရှိနိုင်ခြင်းပင် ဖြစ်သည်။ ထိုသို့သော သက်ရောက်မှုမျိုးသည် လီလီကဲ့သို့ လူငယ်ပိုင်းတွင် အဖြစ်များမည်ဟု ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ယူဆထားသည်။ ဆာရေးတွင် နေထိုင်သော လီလီသည် ယခုအခါ ကာလရှည်ကြာ အိပ်စက်မှုနှင့် အသားကျ အံဝင်နေပြီဟုလည်း သိရှိရသည်။

ref; http://planet.com.mm

shutdownချလိုက်ရင် စက်မပိတ်ဘဲ update လုံးဝမလုပ်အောင်....(windows XP only)

shutdown လုပ်ရင် plugged out မလုပ်ရလို့ မပိတ်ရလို့ဆိုပြီး update ကိုစောင့်ရတာ စိတ်မရှည်ပါဘူး။ ငေါင်လည်းမငေါင်နေပါနဲ့။ပြီးတော့ စက်ပြင်သမားတွေမခေါ်ပါနဲ့။ ဒါကဖြစ်ရခဲပါတယ်ဗျာ။ စောင့်ရတော့စိတ်ပျက်စရာပေါ့ဗျာ။ ရှင်းနည်းကတော့ မခက်ပါဘူး။ နှစ်ဆင့်တည်းပါပဲဗျာ။ မခက်ပါဘူး။။။။ စိတ်မရှည်တဲ့လူတွေအတွက်ပေါ့ဗျာ။ ဒီအတိုင်းပိတ်လိုက်တာများရင်တော့ စက်ထိခိုက်တာပေါ့။ ဒါကြောင့် Restart Button ကို click လိုက်ပါ။ ပြန်တက်လာလို့ပုံ(၁)လိုဖြစ်နေရင် Restart နောက်တခါချပါ။ ဒါဆိုရင်မပေါ်မှာသေချာပါတယ်။

 ပုံ(၁)
 ပုံ(၂)

 ပုံ(၂)ရောက်တာနဲ့ Turn Off လုပ်ပါ။ အချိန်တော့အကုန်နည်းတယ်။ ပြီးတော့ ငွေကုန်သက်သာနည်းပါပဲဗျာ။


သရဲလေးဘာကြောင့်သိလဲမမေးနဲ့နော်။ ဘယ်ဆိုဒ်ကမှမရှာဘူး။ သရဲလေးကသရဲအစစ်မို့လို့ဒါတွေကလိတတ်တယ်ဗျ။
အဆင်ပြေကြပါစေခင်ဗျား

သရဲလေး
<03/22/2012>

Wednesday, March 21, 2012

Adobe Photoshop CS4 Extended Serials (29 Serials)

ဒါကတော့ ဟောင်းနေပါပြီ။ စုတ်နေပါပြီ။ သုံးချင်တဲ့လူတွေလည်းရှိတယ်။ ကျွန်တော်က CS4 မှကိုင်တတ်တာဆိုတော့။ ဒါက Extended နော်။ portable ကတော့ ကိုကိုစောဂျက်ဆီကလင့်ပေးမယ်လေ။။။ ဒီမှာကွန်မကောင်းလို့မတင်ဖြစ်တော့ဘူးဗျာ။ ကီးတွေက စုစုပေါင်း ၂၉ခုရှိတယ်။ အကုန်သုံးလို့ရတယ် တကယ်အာမခံတယ်ဗျာ။ ၁၀၀ရာခိုင်နှုန်း ကျွန်တော် တစ်ခုချင်းစမ်းပြီးပြီ။ http://adf.ly/6VHy4 မှာကူးယူလိုက်ပါ။ အဲ့ထဲမှာတခုပဲယူနော်။ အဟတ်ဟတ်။။။  portable က http://adf.ly/6VI7G မှာပါ။ အမှန်ပြောရရင် installer က၀ယ်လို့မရပါဘူးဗျာ။


ဖွင့်လိုက်ရင် ဒါပေါ်လာပါမယ်။ တချို့စက်တွေပေါ့။။။ စစဖွင့်ချင်းကတော့ ဘာမှမဖြစ်ပေမယ့်....နောက်တော့ကီးအစစ်မထည့်ရင် free trial 30 days တဲ့။ ဒါကြောင့် ကီးယူလိုက်တာ။ မပေါ်လာရင်တော့ error ပြတတ်တယ်။ သူ့ကံနဲ့သူပေါ့။။ ကျွန်တော်ကတော့ငြှိသွားလို့...။ ရှင်းလိုက်ရတယ်။



Serial key: Download Here!!
Portable(from kokosawjet) : Download Here!!!


အဆင်ပြေပါစေ။။။

သရဲလေး
(03/23/2012)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More